Serie-A News

အရင်လိုမဟုတ်တော့ဘူးဆိုတဲ့ အယ်လီဂရီ

Jun 03 , 2017

ဂျူဗင်တပ်နည်းပြ အယ်လီဂရီက မိမိတို့ အသင်းအနေနှင့် ၂၀၁၅ ဖိုင်နယ်တွင် ရှုံးခဲ့စဉ်က ဂျူဗင်တပ်အသင်းမျိုးနှင့် မတူတော့ကြောင်းပြောဆိုလိုက်သည်။

ဂျူဗင်တပ်အသင်းမှာ ယနေ့ညတွင် ကာဒစ်၌ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ရီးရဲလ်နှင့် ကစားရမည်ဖြစ်ပြီး ၂၀၁၅ ဖိုင်နယ်တွင် စပိန်အသင်းတစ်သင်းဖြစ်သော ဘာစီလိုနာကို ၃-၁ဖြင့် ရှုံးနိမ့်ခဲ့ရကာ ထိုအကြောင်းနှင့် ပတ်သက်၍ အယ်လီဂရီက ညွှန်းဆိုခဲ့ခြင်း ဖြစ်သည်။

အယ်လီဂရီက မိမိတို့အနေနှင့် ယခုနှစ် ဖိုင်နယ်အထိ တက်နိုင်မည်ဟု သေချာပေါက် တွက်ဆခဲ့ခြင်းမရှိကြောင်း၊ သို့သော် မိမိတို့ ကြိုးစားမှုများသည် အရာထင်ခဲ့ကြောင်း၊ ၂၀၁၅ တွင် မိမိတို့ ဖိုင်နယ်တက်ခဲ့သေးသော်လည်း ပြီးပြည့်စုံသော စိတ်ဓာတ်တက်ကြွမှု ခွန်အားမရှိခဲ့သကဲ့သို့ ကိုယ့်ကိုယ့်ကို ယုံကြည်မှုတွင်လည်း ရာနှုန်းပြည့်ရှိမနေခဲ့ကြောင်း၊ မိမိတို့အနေနှင့် ယခုရာသီတွင် ဘာစီလိုနာကို ၃ဂိုးပြတ်ဖြင့် ကျော်ဖြတ်လာနိုင်ခဲ့ကြောင်း၊ ဤသည်မှာ မိမိတို့ စွမ်းနိုင်သည်ဆိုခြင်းကို ပြသရာရောက်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here