La-liga News

တန်းတက်လာသော ဂျီရိုနာ

Jun 05 , 2017

စပိန်ဆီဂန်ဒါအတန်းမှ ဂျီရိုနာအသင်းမှ တနင်္ဂနွေနေ့ ပွဲစဉ်(၄၁)တွင် ဇာရာဂိုဇာနှင့် ကစားရာ၌ ဂိုးမရှိသရေကျခဲ့သဖြင့် ဒုတိယနေရာသေချာသွားသောကြောင့် လာလီဂါသို့ တန်းတက်ခွင့်ရခဲ့ပြီ ဖြစ်သည်။

အိမ်ကွင်းတွင် ကစားရသော ထိုပွဲသို့ ပရိသတ် ၉ထောင်ကျော်လာရောက်အားပေးခဲ့ကြပြီး သရေတစ်မှတ်ရခဲ့သဖြင့် ၄၁ပွဲ ကစားအမှတ် ၇၀ဖြင့် ဒုတိယနေရာ သေချာသွားခဲ့ခြင်း ဖြစ်သည်။

တတိယနေရာမှ ဂီတာဖေးမှာ ၆၇ မှတ်ရထားပြီး ရာသီသိမ်းပွဲစဉ်တွင် အနိုင်ရခဲ့ပါက အမှတ် ၇၀ ရနိုင်မည် ဖြစ်သော်လည်း Head to Head တွင် ဂျီရိုနာက ဂီတာဖေးထက် သာသောကြောင့် ဂီတာဖေးအနေနှင့် Play-Off ကစားရမည့် တတိယနေရာတွင်သာ ဆက်ရှိမည် ဖြစ်သည်။

လက်ရှိတွင် တိုက်ရိုက်တန်းတက်ခွင့်အဖြစ် လီဗန်တေးနှင့် ဂျီရိုနာတို့က ရရှိခဲ့ကြပြီးဖြစ်ပြီး Play-Off ကစားခွင့် ၄နေရာအတွက် ဂီတာဖေး၊ ကာဒစ်၊ တီနီရိုက်၊ ဟူစတာ၊ ဗယ်လာဒိုးလစ်၊ အိုဗီဒိုတို့မှာ ပွဲစဉ် ၄၂ တွင် အထူးကြိုးစားကြရတော့မည် ဖြစ်သည်။

တစ်ချိန်က လာလီဂါတွင် ကျင်လည်ခဲ့သော မာလော့ကာအသင်းမှာ ယခုအခါ ဒုတိယတန်း ဆီဂန်ဒါမှ ဆီဂန်ဒါဘီအတန်းထိ တန်းဆင်းသွားရပြီ ဖြစ်သည်။

နည်းပြ မာချင်၏ ဂျီနိုအာအသင်းမှာ လာလီဂါသို့ ပထမဆုံးအကြိမ် တန်းတက်ခွင့်ရခဲ့ခြင်းဖြစ်ပြီး ယမန်နှစ်က တန်းတက်ခွင့်နှင့် နီးစပ်ခဲ့သော်လည်း Play-Off ဖိုင်နယ်တွင် အိုဆာဆူနာကို ရှုံးခဲ့သောကြောင့် အခွင့်အရေး လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။

ယခုရာသီတွင် ဂျီရိုနာအတွက် အဓိက ကစားသမားမှာ အင်တာ တိုက်စစ်မှုးဟောင်း လွန်ဂိုဖြစ်ပြီး စုစုပေါင်း ၁၄ ဂိုး သွင်းယူပေးခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here