Champions League

ရိုနယ်ဒိုကို ပီရက်ဇ်ထောက်ခံ

Jun 05 , 2017

စီရိုနယ်ဒိုအနေနှင့် ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို အားလုံးထက်ပို၍ ရသင့်သူဖြစ်ကြောင်း ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ပြောဆိုလိုက်သည်။

စီရိုနယ်ဒိုမှာ ချန်ပီယံလိဂ်ဖလား ၂နှစ်ဆက်တိုက်ရရှိရေးအတွက် ဘိုင်ယန်နှင့် ကစားရသော ဖိုင်နယ်ပွဲတွင် ၂ဂိုး သွင်းယူပေး ခဲ့သူဖြစ်ပြီး ထိုပွဲတွင် ၁၀ ယောက်ကျန် ဘိုင်ယန်ကို ရီးရဲလ်က ၄-၁ဖြင့် အနိုင်ရရှိခဲ့သည်။

နည်းပြ ဇီဒန်းဦးဆောင်သော ရီးရဲလ်အသင်းမှာ ယခုနှစ်တွင် လာလီဂါဖလားအပါအ၀င် ဆုဖလား ၄လုံးကို ရရှိခဲ့ကာ စီရိုနယ်ဒိုမှာ သူ၏ သွင်းဂိုးများဖြင့် အသင်းကို ကူညီပံ့ပိုးပေးနိုင်ခဲ့သူ ဖြစ်သည်။

ပီရက်ဇ်က စီရိုနယ်ဒိုအနေနှင့် ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် ၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆တို့တွင် ရရှိခဲ့ကာ ယခုနှစ်တွင်လည်း ထပ်မံရရှိရန် ယုံကြည်ကြောင်း ပီရက်ဇ်က ဆိုသည်။

ချန်ပီယံလိဂ်ဖလား ၂ကြိမ် ဆက်ရခဲ့ခြင်းအတွက် မိမိဘ၀အတွက် မမေ့နိုင်စရာဖြစ်ခဲ့ရကြောင်း စီရိုနယ်ဒိုက ပြောဆိုလိုက်သည်။

ချန်ပီယံလိဂ်ဖလားကို မည်သည့်အသင်းမဆို အများဆုံးတစ်ကြိမ်သာ ဗိုလ်စွဲနိုင်ခဲ့ပြီ စံချိန်သစ်တစ်ရပ် ချိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back Champions League


Advertisement
Here