La-liga News

မန်ယူသို့ ဘေးလ်မပြောင်းပါ

Jun 05 , 2017

ဝေလကစားသမား ဘေးလ်အနေနှင့် မန်ယူသို့ ပြောင်းရွှေ့မည်မဟုတ်ပဲ ရီးရဲလ်တွင်သာ ဆက်နေမည်ဟု ဆိုလိုက်သည်။

ဘေးလ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပွဲဦးထွက်ကစားသမားအဖြစ် ပါဝင်ခွင့်မရခဲ့ပဲ ဒုတိယပိုင်းမှာသာ လူစားဝင်ကစား ခွင့်ရခဲ့သည်။ ထိုအဖြစ်ကြောင့် ဘေးလ်အနေနှင့် ရီးရဲလ်မှ ထွက်ခွာ သွားနိုင်သည်ဟူသော ခန့်မှန်းချက်များ ပေါ်ထွက်လာခြင်း ဖြစ်သည်။

သို့သော် ဘေးလ်က ငြင်းခဲ့သကဲ့သို့ နည်းပြဇီဒန်းကလည်း ဘေးလ်မှ ရီးရဲလ်တွင်သာ ဆက်ရှိမည်ဟု ဆိုခဲ့သည်။

၂၀၁၃ တွင် စပါးမှ ရီးရဲလ်သို့ ရောက်လာခဲ့သော ဘေးလ်က "ကျနော် ဒီမှာပျော်ပါတယ်။ ဆုဖလားတွေရနိုင်တာဟာလည်း ပျော်စရာအကောင်းဆုံး ခံစားမှုတစ်ခုပါ" ဟု ပြောဆိုခဲ့သည်။

၂၇ နှစ်သား ဘေးလ်က ဆက်လက်၍ ကျနော်ဟာ ရီးရဲလ်နဲ့ ကာလရှည်စာချုပ်ချုပ်ထားကြောင်း မိမိ၏ မိသားစုမှာလည်း စပိန်တွင် ပျော်နိုင်ကြောင်း ပြောဆိုသွားခဲ့သည်။

ဘေးလ်မှာ လွန်ခဲ့သော အောက်တိုဘာလက ရီးရဲလ်နှင့် ၂၀၂၂ အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားပြီ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here