Champions League

ရာမို့စ်ကို ဖာဒီနန် ဝေဖန်

Jun 05 , 2017

ဂျူဗင်တပ်တောင်ပံကစားသမား ကူဒရာဒို ၂၀ါ၁နီဖြင့် အထုတ်ခံရသည့် အရေးတွင် လွန်စွာနာကျင်သွားဟန်ဖြင့် လှဲချပြခဲ့သော ရီးရဲလ်ကပ္ပတိန် ရာမို့စ်၏ အပြုအမူကို ဘောလုံးသတင်းဝေဖန်သူ ဖာဒီနန်က ဝေဖန်ပြစ်တင်လိုက်သည်။

ကူဒရာဒိုမှာ ပွဲချိန် ၆၆ မိနစ်တွင် ဘာဇာလီအစားလူစားဝင်ကစားခဲ့ပြီး ၇၂ မိနစ်တွင် အ၀ါကတ်အပြခံခဲ့ရသည်။ ယင်းနောက် ၈၃ မိနစ်တွင် ရာမို့စ်နှင့် ဘောလုံးယှဉ်လုရာ၌ ရာမို့စ်ကို တွန်းထိုးလိုက်ရာတွင် ရာမို့စ်မှာ လွန်စွာနာကျင်သွားဟန်ဖြင့် လှဲချလူး လိမ်နေခဲ့ပြီး ယင်းအဖြစ်ကြောင့် ကွင်းလယ်ဒိုင် ဘရိုင်ခ်ျက ကူဒရာဒိုကို နောက်ထပ်အ၀ါကတ်ပြကာ ၂၀ါ ၁နီဖြင့် ထုတ်ပယ် ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ထုတ်ပယ်ခံရချိန်တွင် ရီးရဲလ်က ၃-၁ဖြင့် ဦးဆောင်နေချိန်ဖြစ်ပြီး အနိုင်ရရန် သေချာပြီဟုဆိုနိုင်သည့် အနေအထား ဖြစ် သည်။

ဖာဒီနန်က ရာမို့စ်အနေနှင့် သူကိုယ်တိုင်၏ အပြုအမူအတွက် ကိုယ့်ကိုယ်ကို အရှက်ရသင့်ကြောင်း၊ အကယ်၍ မိမိ၏သားဖြစ်သူ ကြည့်နေချိန်တွင် မိမိကသာ ထိုသို့ပြုမူခဲ့မည်ဆိုပါက မိမိသား၏ မျက်လုံးများထဲတွင် စိတ်ပျက်သွားမှုများကို တွေ့မြင်ရမည်မှာ သေချာကြောင်း ပြောဆိုခဲ့သည်။

ဆက်လက်၍ ရာမို့စ်မှာ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးဖြစ်ပြီး ကလပ်အတွက်သာမက နိုင်ငံအသင်းအတွက်ပါ အဓိက ကစားသမားတစ်ဦးဖြစ်ကြောင်း၊ ထိုသို့သော ကစားသမားမျိုးအနေနှင့် ယခုကဲ့သို့သော ပြုမူမှုများကို မလွဲမသွေ ရှောင်ရှားရမည်သာဖြစ်ကြောင်း ဖာဒီနန်က ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Champions League


Advertisement
Here