La-liga News

ရီးရဲလ်မှထွက်မည့် ပီပီ

Jun 06 , 2017

ပေါ်တူဂီသား ရီးရဲလ်နောက်ခံကစားသမားပီပီမှာ ယခုလအတွင်း ရီးရဲလ်မှ ထွက်ခွာမည်ဖြစ်ပြီး PSG သို့  ပြောင်းမည်ဟု ဆိုသည်။

အသက် ၃၄ နှစ်အရွယ် ပီပီမှာ ယခုလတွင် ရီးရဲလ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၂နှစ်သက်တမ်းတိုးရန် အသင်းကိုတောင်းဆိုခဲ့ရာတွင် ရီးရဲလ်က ၁နှစ်သာ သက်တမ်းတိုးမည်အကြောင်းပြန်ခဲ့သောကြောင့် ရီးရဲလ်မှ ထွက်ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၇တွင် ပေါ်တိုမှ ရီးရဲလ်သို့ ရောက်လာသော ပီပီမှာ PSG နှင့် တရားဝင်စာချုပ်မချုပ်ဆိုရသေးသော်လည်း နှစ်ဘက် သဘောတူညီမှု ရထားပြီဟု သိရသည်။

ပီပီက"ကျနော် ရီးရဲလ်က ထွက်တော့မှာပါ။ အဆင့်တစ်ဆင့်ကတော့ ပြီးဆုံးသွားပါပြီ။ အခုကတော့ နောက်တစ်ဆင့်ကို ကူးတဲ့ သဘောပါပဲ၊ ကျနော့်ကို အင်္ဂလန်ကလပ်တွေက ကမ်းလှမ်းခဲ့ကြပေမယ့် PSG မှာ ပိုအဆင်ပြေမယ်ထင်လို့ပါ။ ရီးရဲလ်က ထွက်တာနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အပြစ်တင်စရာမရှိသလို အသင်းပြောင်းတာဟာ ကစားသမားတစ်ယောက်ရဲ့ ဘ၀မှာ ထူးဆန်းစရာမှ မဟုတ်တာပဲ" ဟု ပြောဆိုသွားခဲ့သည်။

ပီပီမှာ ရီးရဲလ်၏ လာလီဂါချန်ပီယံဆု ၃ကြိမ်နှင့် ချန်ပီယံလိဂ် ချန်ပီယံဆု ၃ကြိမ်ရရေးတို့တွင် ပါဝင်ခဲ့သော်လည်း ယခုရာသီတွင်မူ ဒဏ်ရာနှိပ်စက်ခဲ့သဖြင့် ပြိုင်ပွဲအားလုံးအတွက် စုစုပေါင်း ၁၈ ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here