Serie-A News

စာချုပ်သစ်ချုပ်သော အင်ဇာဂီ

Jun 06 , 2017

လာဇီယိုနည်းပြအင်ဇာဂီမှာ အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အင်ဇာဂီမှာ လွန်ခဲ့သော ဇူလိုင်လက ဘီအယ်ဆာနေရာကို ဆက်ခံခဲ့သူဖြစ်ပြီး ဘီအယ်ဆာမှာ လာဇီယိုနည်းပြ တာဝန်ယူရန် သဘောတူခဲ့ပြီး ၂ရက်အကြာတွင် အသင်းမှ ထွက်သွားသူ ဖြစ်သည်။

၄၁ နှစ်အရွယ် အင်ဇာဂီမှာ လာဇီယိုကို ကိုင်တွယ်ခဲ့ပြီးနောက် ကိုပါအီတာလျံဖိုင်နယ်အဖြစ် ဂျူဗင်တပ်နှင့် ယှဉ်ပြိုင်ခဲ့ရာတွင် ရှုံးနိမ့်ခဲ့သူ ဖြစ်သည်။

၂၀၁၆-၁၇ ရာသီတွင် လာဇီယိုမှာ စီးရီးအေအဆင့် ၅ ရရှိခဲ့ပြီး အသင်းခေါင်းဆောင် ဘစ်လီယာနှင့်လည်း စာချုပ်သစ်အတွက် ဆွေးနွေးနေကြပြီသည်ဟု ဆိုသည်။

အင်ဇာဂီက လာဇီယိုနှင့် စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ လာမည့်ရာသီတွင် ထူးခြားသော မိမိ၏နည်းပြအဖွဲ့နှင့် ကစားသမားများမှာလည်း ရာသီသစ်အတွက် ရင်ခုန်စွာ စောင့်ဆိုင်းနေကြပြီဖြစ်ကြောင်း ပရိသတ် ၅သောင်းမျှ လာရောက်အားပေးကြသည့်အတွက် မိမိ ဂုဏ်ယူမိပါကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here