La-liga News

ဒမ်ဘီလီအကြောင်းပြောတဲ့ အမ်တီတီ

Jun 07 , 2017

ဒေါ့မွန်တောင်ပံကစားသမား ဒမ်ဘီလီမှာ လွန်ခဲ့သော ရာသီက ဘာစီလိုနာသို့ ရောက်ရန် နီးစပ်ခဲ့သော်လည်း ဒေါ့မွန်တွင် သာဆက်ရှိနေခဲ့ပြီး ဆမ်မြူရယ် အမ်တီတီက သူ့အနေနှင့် ဒမ်ဘီလီကို ဘာစီလိုနာကစားသမားအဖြစ် တွေ့မြင်လိုကြောင်း ပြောဆိုလိုက်သည်။

တောင်ပံတိုက်စစ်သမား ဒမ်ဘီလီမှာ ဘာစီလိုနာသို့ ရောက်ရှိရေးထက်ပုံမှန်ကစားခွင့်ရရေးကို ဦးစားပေးခဲ့သောကြောင့် ဒေါ့မွန်တွင် ရှိနေခြင်း ဖြစ်သည်။

အသက် ၂၀ အရွယ် ဒမ်ဘီလီမှာ ဒေါ့မွန်တွင် အဓိက ကစားသမားတစ်ဦးအဖြစ် လျင်လျင်မြန်မြန် အသားကျသွားခဲ့ပြီး ပြိုင်ပွဲအားလုံးအတွက်  ၄၉ ပွဲကစားခွင့်ရခဲ့ကာ ၁၀ ဂိုး သွင်းယူနိုင်ခဲ့သည်။

အမ်တီတီက ဘာစီလိုနာအနေနှင့် ဒမ်ဘီလီကို စောင့်ကြည့်နေဆဲဖြစ်ပြီး အခွင့်သာပါကခေါ်ယူမည့်အနေအထားတွင် ရှိနေမည် ဟု ဆိုသည်။

အမ်တီတီက ဒမ်ဘီလီ၏ ကစားပုံနှင့် ခြေစွမ်းမှာ ဘာစီလိုနာနှင့် သင့်တော်သူတစ်ဦးဖြစ်ကြောင်း မိမိတို့အနေနှင့် ဘာတွေဆက်ဖြစ်မည်ကို စောင့်ကြည့်သွားရဦးမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here