La-liga News

ဆီးဗီးလားနည်းပြသစ် ဘီရစ်ဇို

Jun 08 , 2017

ဆီဗီးလားအသင်းသည် လစ်လပ်နေသော နည်းပြနေရာတွင် ဆဲလ်တာဗီရို နည်းပြဟောင်း ဘီရစ်ဇိုကို ခန့်အပ်လိုက်ပြီ  ဖြစ်သည်။

ယခင်ကက ဆီဗီးလားအသင်းကို ကိုင်တွယ်ခဲ့သော ဆမ်ပါအိုလီမှာ အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြအဖြစ် ပြောင်းရွှေ့ သွားသောကြောင့် ဘီရစ်ဇိုကို နည်းပြသစ်အဖြစ် ခန့်အပ်ရခြင်း ဖြစ်သည်။

အသက် ၄၇ နှစ်အရွယ် ဘီရစ်ဇိုမှာ ၂၀၁၆-၁၇ တွင် ဆဲလ်တာဗီရိုအသင်းကို ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင် ခဲ့သူဖြစ်ပြီး ယခုဆီးဗီးလားနှင့် ၂နှစ်စာချုပ် ချုပ်ဆိုရန် သဘောတူခဲ့ကြောင်း သိရသည်။

ဆီဗီးလားအသင်းက ဘီရစ်ဇိုအနေနှင့် နည်းပြအဖြစ် မကြာမီရက်ပိုင်းအတွင်း အသင်းသို့ ရောက်ရှိလာမည်ဟု ကြေညာခဲ့ပြီး ဆဲလ်တာဗီရိုမှာ မေ ၂၀ ရက်နေ့ကတည်းကပင် ဘီရစ်ဇိုနှင့် လမ်းခွဲပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆဲလ်တာဗီရိုကို ၃ရာသီကြာ ကိုင်တွယ်ခဲ့သူ ဘီရစ်ဇိုမှာ ပထမဆုံးရာသီတွင် အသင်းကို အဆင့် ၈၊  နောက်ရာသီတွင် အဆင့် ၆ ရရှိခဲ့ကာ ၂၀၁၆-၁၇ ယူရိုပါလိဂ် ဆီမီးတွင် မန်ယူကို ရှုံးခဲ့ခြင်းဖြစ်ပြီး လာလီဂါတွင် ၁၃သာ ရရှိခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here