Europe News

နိုင်ပွဲစရသော ဒက်ဒဗိုကက်

Jun 10 , 2017

ဟော်လန်လက်ရွေးစင်အသင်းကို တစ်ကျော့ပြန် ပြန်လည်ကိုင်တွယ်ခဲ့သော နည်းပြ အက်ဒဗိုကက်မှာ ပထမဆုံးပွဲစဉ်ကို နိုင်ပွဲဖြင့် စတင်ခဲ့သည်။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် လူဇင်းဘတ်နှင့် ကစားသော ပွဲစဉ်တွင် ၅-၀ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ရော်ဘင်၊ ရှနိုက်ဒါ၊ ၀ီနယ်ဒမ်၊ ပရိုမက်စ်၊ ဂျန်ဆန်တို့က ဂိုးများသွင်းယူခဲ့ခြင်း ဖြစ်သည်။

ဟော်လန် ပါဝင်သော အုပ်စုတွင် ၆ပွဲစီ ကစားပြီးရာ၌ ဆွီဒင်နှင့် ပြင်သစ်တို့က ၁၃ မှတ်စီဖြင့် ဦးဆောင်နေပြီး ဟော်လန်က ၁၀ မှတ်ဖြင့် တတိယနေရာတွင် ရှိနေသည်။

၁၉၆၆ မှ ၁၉၈၅ အထိ ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ကစားခဲ့ဘူးသော ဒက်ဒဗိုကက်မှာ ၁၉၈၁ တွင် နည်းပြဘ၀စတင်ခဲ့ပြီး ၁၉၈၄ မှ ၈၇ အထိ ဟော်လန်လက်ထောက်နည်းပြဖြစ်ခဲ့သည်။ ဟာလန်း၊ SVV အသင်းများကို ကိုင်တွယ်အပြီး ၁၉၉၀ တွင် ဟော်လန်လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၄ မှ ၂၀၀၂အထိ PSV၊ ရိန်းဂျားစ်အသင်းများသို့ ရောက်ခဲ့ပြီး ၂၀၀၂မှ ၂၀၀၄ အထိ ဟော်လန်ကို ကိုင်တွယ်ခဲ့ပြန်သည်။ ၂၀၀၄မှ ၂၀၁၅ အထိ အခြားအသင်းများကို ကိုင်တွယ်ခဲ့ပြီ ၂၀၁၆ တွင် ဟော်လန်လက်ထောက်နည်းပြဖြစ်လာပြန်ကာ ၂၀၁၆-၁၇ တွင် ဖီနာဘီချီသို့ ရောက်ခဲ့ပြီး  ယခု ၂၀၁၇ တွင် ဟော်လန်သို့ ပြန်ရောက်လာပြန်ခြင်း ဖြစ်သည်။

ဟော်လန်အသင်းမှာ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် လာမည့် စက်တင်ဘာလတွင် ပြင်သစ်နှင့် အဝေးကွင်းပွဲကစားရမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here