La-liga News

အကောင်းဆုံးဆုရသော မိုဒရစ်

Jun 10 , 2017

ရီးရဲလ်ကွင်းလယ်ကစားသမား မိုဒရစ်မှာ ခရိုအေးရှားလက်ရွေးစင်အသင်း၏ ၁နှစ်တာအကောင်းဆုံး ကစားသမားဆုကို ၅ကြိမ်မြောက်ဆက်တိုက်အဖြစ် ထပ်မံရရှိခဲ့ကြောင်း သိရသည်။

အသက် ၃၁ နှစ်အရွယ် မိုဒရစ်မှာ ရီးရဲလ်တွင် ပျော်ရွှင်နေပြီး ၂၀၁၆-၁၇ ရာသီ လာလီဂါချန်ပီယံဖြစ်ရေးနှင့် ချန်ပီယံလိဂ် ဖလားရရှိရေးတို့တွင် အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

မိုဒရစ်အနေနှင့် ခရိုအေးရှားအကောင်းဆုံးဆုအတွက် မန်ဇူကစ်၊ ရာကီတစ်၊ ပီရီဆစ်တို့ကို ကျော်ဖြတ်ကာ ရရှိခဲ့ခြင်း ဖြစ်သည်။

မိုဒရစ်မှာ ငယ်စဉ်ကစားသမားဘ၀က ဇာဒါ၊ ဒိုင်နမိုဇာဂရက်အသင်းများတွင် ကစားခဲ့ပြီး ဇာဂရက်အသင်းတွင်ပင် ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဘ၀စတင်ခဲ့သူ ဖြစ်သည်။

သူသည် ၂၀၀၃မှ ၂၀၀၅ အထိ ဇင်စကီ၊ ဇာပရီဆစ်စသည့် အသင်းများတွင်လည်း အငှားကစားသမားအဖြစ် ၁ရာသီစီသွားရောက်ကစားခဲ့ရာမှ ၂၀၀၈ တွင် စပါးသို့ ရောက်လာကာ ၂၀၁၂တွင် ရီးရဲလ်သို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။

သူသည် ခရိုအေးရှားအတွက် သက်တမ်းလိုက်ကစားသမားအဆင့်ဆင့်တွင် ပါဝင်ခဲ့ပြီး ၂၀၀၆တွင် အသင်းကြီးကစားသမား ဖြစ်လာတာ ၉၆ ပွဲကစား ၁၁ ဂိုးသွင်းပေးထားခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here