Bundesliga News

နည်းပြသစ်ခန့်သော ရှော့ကေးနှင့် အင်တာ

Jun 10 , 2017

ဘွန်ဒစ်လီဂါကလပ် ရှော့ကေးနှင့် စီးရီးအေမှ အင်တာတို့မှာ ရာသီသစ်အတွက် နည်းပြသစ်များ ခန့်အပ်လိုက်ပြီ ဖြစ်သည်။

ဝိန်းဇီရယ်ကို ထုတ်ပယ်ခဲ့သော ရှော့ကေးအသင်းမှာ အသက် ၃၁ နှစ်အရွယ် တီဒက်စကိုကို နည်းပြအဖြစ် ခန့်အပ်ခဲ့သည်။

တီဒက်စကိုမှာ လွန်ခဲ့သော ရာသီက ဒုတိယတန်းအသင်းဖြစ်သော အာဇီဘာဂီအသင်း၏ ရာသီသိမ်း နောက်ဆုံး ၁၁ပွဲကို တာဝန်ယူပေးခဲ့ပြီး အသင်းကို တန်းဆင်းရမည့် ဘေးမှ ကင်းဝေးစေခဲ့သည်။

လွန်ခဲ့သော ရာသီတွင် အဆင့် ၁၀ ရခဲ့သော ရှော့ကေးမှာ တီဒက်စကိုနှင့် ၂နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။

ဘွန်ဒစ်လီဂါတွင် အသက်အငယ်ဆုံး နည်းပြအဖြစ် ဟော့ဖန်ဟိန်းကို ကိုင်တွယ်ခဲ့သော ၂၉ နှစ်သား နာဂယ်မန်းမှာ အသင်းနှင့် ၂၀၂၁ အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သည်ဟု သိရသည်။

စီးရီးအေကလပ် အင်တာမှာ ရိုးမားနည်းပြဟောင်း စပါလက်တီကို နည်းပြအဖြစ် တရားဝင် ခန့်အပ်ထားပြီ ဖြစ်သည်။

အင်တာနည်းပြ ပီအိုလိုမှာ မေ ၉ရက်နေ့တွင် အသင်းကို စွန့်ခွာသွားခဲ့ပြီးနောက် အင်တာက စပါလက်တီကိုခေါ်ယူခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here