Europe News

ဗိုလ်စွဲခဲ့သော အင်္ဂလန် ယူ-၂၀

Jun 12 , 2017

၁၉၉၆ ခုနှစ်နောက်ပိုင်း အဓိကအောင်မြင်မှုတစ်ခုအဖြစ် အင်္ဂလန်အသင်းမှာ ၂၀၁၇ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီ ဖြစ်သည်။

အင်္ဂလန်အနေနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုအနေနှင့် ၁၉၉၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်  ဗိုလ်စွဲခဲ့ပြီးနောက် နှစ်ပေါင်း ၅၀ ကျော် ဆုဖလားများနှင့် ဝေးကွာနေခဲ့သူ ဖြစ်သည်။

တောင်ကိုးရီးယားတွင် ကျင်းပသော ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်မှာ နောက်ဆုံးဗိုလ်လုပွဲ၌ ဗင်နီဇွဲလားအသင်းကို ၁-၀ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်အတွက် အနိုင်ဂိုးကို အဲဗာတန် တိုက်စစ်မှုး လီဝင်က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်းတွက် ဗင်နီဇွဲလားက ပင်နယ်တီကန်ခွင့်ရခဲ့သေးသော်လည်း အင်္ဂလန်မှ နယူးကာဆယ်ဂိုးသမား ၀ုဒ်မန်းက ကာကွယ်ပေးနိုင်ခဲ့သည်။

အင်္ဂလန် ယူ-၂၀ နည်းပြဖြစ်သူ မန်စီးတီးနှင့် ဒါဘီတောင်ပံကစားသမားဟောင်း ဆမ်ဆင်က အင်္ဂလန် ယူ-၂၀ အသင်းကို ဖေဖော်ဝါရီလအထိ ကိုင်တွယ်ခဲ့ပြီး ယူ-၂၁ နည်းပြအဖြစ် ပြောင်းသွားခဲ့သူ ဘို့သ်ရွိက်ကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။

အင်္ဂလန် ယူ-၂၀ အသင်း ဗိုလ်စွဲနေချိန်တွင် အင်္ဂလန်အသင်းကြီးမှာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် စကော့တလန်နှင့် ကစားရာ၌ ၂-၂ သရေကျခဲ့ပြီး အုပ်စုတွင်း ၆ပွဲစီ ကစားအပြီး၌ အနီးဆုံးပြိုင်ဘက် စလိုဗက်ကီးယားကို ၂မှတ်ဖြတ်ကာ ဦးဆောင်နေဆဲ ဖြစ်သည်။

စကော့တလန်နှင့်ပွဲတွင် အင်္ဂလန်မှာ မိနစ်၉၀၌ ၁-၂ဖြင့် ရှုံးနိမ့်နေပြီး နာကျင်အချိန်ပို ၃မိနစ်တွင်မှ စပါး တိုက်စစ်မှုးက တစ်မှတ်တန် ချေပဂိုး သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here