Europe News

ကာတာကို ဖီဖာထောက်ခံ

Jun 12 , 2017

နိုင်ငံရေးရာ အကျပ်အတည်းနှင့် ကြုံတွေ့နေရသော်လည်း ထိုကိစ္စသည် ၂၀၂၂   ကမ္ဘာ့ဖလားပွဲကို ထိခိုက်စေလိမ့်မည်ဟု မယုံကြည်ကြောင်း ကာတာနိုင်ငံနှင့် ပတ်သက်သော ထင်မြင်ချက်များအပေါ် ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုက ပြောဆိုလိုက်သည်။

ကာတာနိုင်ငံမှာာ အကြမ်းဖက်အဖွဲ့အစည်းများကို ငွေကြေးအရပါ ထောက်ခံအားပေးနေသည်ဟူသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေ ရပြီး ဆော်ဒီ၊ UAE ၊ အီဂျစ်၊ ဘာရိန်းတို့က ကာတာနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့ကာ ကာတာလေကြောင်းလိုင်းမှ လေယာဉ်များကိုလည်း ၎င်းတို့ လေပိုင်နက်အတွင်း ဖြတ်သန်းမောင်းနှင်ခွင့် ပိတ်ပင်ထားခဲ့သည်။

ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုက ကာတာအနေနှင့် ၂၀၂၂ ကမ္ဘာ့ဖလားပွဲမတိုင်မီ နိုင်ငံရေးအရှုပ်အထွေးများကို ဖြေရှင်းပြီးဖြစ်မည်ဟု ယူဆကြောင်း၊ ဖီဖာအနေနှင့် အခြေအနေကို စောင့်ကြည့်နေပြီး ကာတာတာဝန်ရှိသူများနှင့်လည်း ပုံမှန်အဆက်အသွယ်ရှိနေ ပါကြောင်း အင်္ဂါနေ့ ထိုင်းနှင့် UAE တို့ ကစားကြမည့်ပွဲတွင် ဒိုင်အဖွဲ့ကို ကာတာဒိုင်အဖွဲ့အား တာဝန်ပေးထားခဲ့ခြင်းအပေါ် စဉ်းစားပေးရန် UAE က တောင်းဆိုခဲ့ပြီး ဖီဖာက စင်ကာပူဒိုင်များနှင့် အစားထိုးပေးသွားမည်ဖြစ်ကြောင်း မိမိတို့ ဘောလုံးလောက သည် နိုင်ငံရေးနှင့် ကင်းရှင်းစွာ ရပ်တည်ကြရမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Europe News


Advertisement
Here