La-liga News

ဝင်ငွေအများဆုံး စီရိုနယ်ဒို

Jun 13 , 2017

ကမ္ဘာကျော် ဖော်ဘီးစ်စီးပွားရေးဆိုင်ရာ မဂ္ဂဇင်းကြီး၏ ၀င်ငွေအများဆုံးနာမည်ကြီး Cele များစာရင်းကို ထုတ်ပြန်ခဲ့ရာ ဘောလုံးသမားများထဲမှ စီရိုနယ်ဒိုမှာ ပေါင် ၇၃.၂သန်းဖြင့် အဆင့် ၅တွင်  ရပ်တည်နိုင်ခဲ့သည်။

ထိပ်တန်း၁၀ဦးစာရင်းတွင် အားကစားလောကမှ စီရိုနယ်ဒို(အဆင့် ၅)နှင့် လီဘရွန် ဂျိမ်းစ်(NBA ဘတ်စကက်ဘောကစားသမား အဆင့် ၁၀)တို့သာ ပါဝင်ကြသည်။

ဝင်ငွေအကောင်းဆုံးမှာ ရက်ပါ ရှောင်ဒစ်ဒီဖြစ်ပြီး ပေါင် ၁၀၂သန်းဖြင့်  အဆင့်  ၁ တွင် ရပ်တည်နိုင်ခဲ့သည်။ ယင်းနောက် ဘီယွန်စေး၊ ဂျေကေ ရောလင်း၊ ဒရာကီ၊ ၀ိစ်အန်း၊ ဟိုးဝပ်စတန်း၊ ကိုးလ်ပလေး၊ ပက်တာဆန်တို့က  အစဉ်လိုက် ရပ်တည်ကျပ်နိုင် ခဲ့ကြသည်။

ယခုနှစ် ချန်ပီယံဖလားရခဲ့သူ စီရိုနယ်ဒိုမှာ လွန်ခဲ့သော နိုဝင်ဘာလက ရီးရဲလ်နှင့် စာချုပ်သက်တမ်းတိုးခဲ့သူဖြစ်ပြီး တစ်ပတ်လျှင် ပေါင် ၃၆၅၀၀၀ ရရှိမည် ဖြစ်သည်။

ထို့ပြင် စပွန်ဆာ  စာချုပ်ချုပ်ဆိုထားသော NKE ထံမှလည်း နှစ်စဉ်ဝင်ငွေရရှိနေသူ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here