Europe News

ကွင်းလယ်တွင်ကစားမည့် စတုန်း

Jun 13 , 2017

 အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းမှာ နည်းပြဆောက်ဂိတ်၏ ကစားကွက်အရ ကွင်းလယ်သို့ တက်ကစားရမည်ဟု ဆိုသည်။

၂၀၁၄ ပီရူးနှင့် ပွဲတွင် လက်ရွေးစင်စဖြစ်ခဲ့ပြီး အင်္ဂလန်အတွက် စုစုပေါင်း ၁၇ ပွဲကစားပြီးသူ မန်စီးတီးကစားသမား စတုန်းကို နောက်ခံလူအဖြစ်သာ ကစားစေခဲ့သော်လည်း လိုအပ်ချက်အရ ကွင်းလယ်ကစားသမားအဖြစ် လေ့ကျင့်ရေးဆင်းခိုင်းနေကြောင်း သိရသည်။

ယူ-၂၁ နည်းပြဟောင်းဖြစ်သည့် လက်ရှိ အင်္ဂလန်နည်းပြဆောက်ဂိတ်က စတုန်းမှာ ကွင်းလယ်ကစားသမားအဖြစ်ပါ အခက်အခဲ  မရှိကစားနိုင်မည်ဟု ယုံကြည်ကြောင်း မိမိအနေနှင့် အသင်းရလဒ်ကောင်းရေးအတွက် အဘက်ဘက်မှ ကြိုးစားသွား မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အင်္ဂလန်အသင်းမှာ ယနေ့ညတွင် ပဲရစ်၌ ပြင်သစ်နှင့် ခြေစမ်းပွဲကစားမည်ဖြစ်ပြီး ယင်းနောက် စက်တင်ဘာနှင့် အောက်တိုဘာ လပွဲများတွင် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်များအဖြစ် မော်လ်တာ၊ စလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ လစ်သူရေးနီးယားတို့နှင့် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here