Europe News

အိမ်ရှင်လုပ်လိုသော ဩစတြေးလျ

Jun 13 , 2017

ဩစတြေးလျနိုင်ငံမှာ လာမည့် ၂၀၂၃ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ဖြစ်ရေးအတွက် ကြိုးပမ်းသွားတော့မည်ဟု သိရသည်။

ကင်ဘာရာမြို့ရှိ အစိုးရရုံးမှလည်း ၀န်ကြီးချုပ်မဲလ်ကွမ်တမ်ဘူးလ်က ဩစတြေးလျဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ရေး ကြိုးပမ်းမှုအတွက် ထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် အသုံးစရိတ်အတွက် အမေရိကန်ဒေါ်လာ တစ်သန်း ထောက်ပံ့ကူညီမည်ဟု ဆိုခဲ့သည်။

ဩစတြေးလျမှာ ၂၀၁၁ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲအိမ်ရှင်ဖြစ်ခွင့်အတွက် ကြိုးစားရန် ကြံစည်ခဲ့သေးသော်လည်း နောက် ပိုင်းတွင် နုတ်ထွက်ခဲ့သည်။

ထို့အပြင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင် လုပ်ခွင့်အတွက် ယှဉ်ပြိုင်ခဲ့ရာတွင် ထောက်ခံမဲ ၁မဲသာရရှိခဲ့ပြီး ကာတာက အိမ်ရှင်လုပ်ခွင့်ရရှိသွားခဲ့သည်။

ဩစတြေးလျ အမျိုးသမီးဘောလုံးအသင်းမှာ လောလောဆယ် ကမ္ဘာ့အဆင့် ၈ ၌ ရှိနေပြီး ၂၀၁၁ တွင် အာရှဖလားကို ရရှိ ထားသော အသင်းဖြစ်သည်။

၂၀၁၆ တွင် ဩစတြေးလျမှာ ကွာတားဖိုင်နယ်အထိ တက်ခဲ့သေးသော်လည်း ဘရာဇီးကို ရှုံးနိမ့်ခဲ့သည်။

၂၀၁၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးသို့ တက်ခဲ့သော်လည်း ဂျပန်အရှုံးပေးခဲ့ရသည်။

U Myo Thant




<< Back Europe News


Advertisement
Here