Serie-A News

နည်းပြသစ်ခန့်သော ရိုးမား

Jun 14 , 2017

စီးရီးမေကလပ်ရိုးမားအသင်းမှာ ဆက်ဆူအိုလိုနည်းပြဟောင်းတစ်ဦးဖြစ်သူ ဒီ ဖရန်ဆက်စကိုအား ၂၀၁၇-၁၈ ရာသီ ရိုးမားနည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

အသက် ၄၇ နှစ်အရွယ် ဖရန်ဆက်စကိုမှာ ၁၉၉၇ မှ ၂၀၀၁အထိ ၄ရာသီတိုင် ရိုးမားတွင် ကစားသမားတစ်ဦးအဖြစ် ကျင်လည်ခဲ့သူတစ်ဦး ဖြစ်သည်။

သူသည် ၂၀၀၅-၀၆ တွင် ရိုးမားအသင်း မန်နေဂျာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး ဆက်ဆူအိုလိုနည်းပြအဖြစ် ၅နှစ်ကြာခဲ့ကာ ၂၀၁၃တွင် အသင်းကို တန်းတက်စေခဲ့သူ ဖြစ်သည်။

ရိုးမားနည်းပြအဖြစ် တာဝန်ယူခဲ့သူ စပါလက်တီမှာ ၂၀၁၆-၁၇ တွင် ရိုးမားကို စီးရီးအေ အဆင့် ၂ရရန် ဦးဆောင်ပေးခဲ့သူဖြစ်ပြီး ယင်းရာသီကုန်ချိန်တွင် ရိုးမားနှင့် လမ်းခွဲခဲ့သူလည်း ဖြစ်သည်။

ရိုးမားအသင်း ဥက္ကဋ္ဌ ပယ်လော့တာက ဖရန်ဆက်စကိုကို ခေါ်ယူနိုင်ခဲ့မှုအတွက် ကျေနပ်အားရမိကြောင်း ပြောဆိုခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here