EPL News

မန်ယူ ဖေ့စ်ဘုတ်တွင် ရွန်းနီမပါ

Jun 14 , 2017

မန်ယူအသင်း၏ ဖေ့စ်ဘုတ်မျက်နှာဖုံးတွင် တိုက်စစ်မှုး ရွန်းနီ၏ ဓာတ်ပုံပါဝင်ခြင်းမရှိတော့ကြောင်း သိရသည်။

ရွန်းနီမှာ ယခုနွေတွင် အသင်းမှ ထွက်တော့မည်ဟု နာမည်ကြီးခဲ့သူဖြစ်ပြီး မော်ရင်ဟိုရောက်လာပြီးနောက် ပွဲထွက် ခွင့်လျော့နည်းလာခဲ့သူတစ်ယောက်လည်း ဖြစ်သည်။

၂၀၁၇-၁၈ ရာသီ အဝေးကွင်းဝတ်စုံဝတ်ဆင်ပြသသော ပုံများထဲတွင် ရွန်းနီပုံပါဝင်ခဲ့ပြီး ယင်းပုံများကို မေလအတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ယခု ဖေ့စ်ဘုတ်စာမျက်နှာမှ ရွန်းနီပုံ ဖယ်ရှားခံရသည့်အတွက် ရွန်းနီထွက်တော့မည်ဟု ယုံကြည်လာ သူများလည်း တိုးပွားလာခဲ့သည်။

မန်ယူအတွက် ဂိုးအများဆုံးသွင်းပေးထားသည့် ကစားသမားအဖြစ် စံချိန်တင်ထားသော်လည်း ရွန်းနီမှာ မန်ယူတွင် ပျော်ရွှင်ခြင်းမရှိတော့ဟု အတည်မပြုရသေးသော အချို့သတင်းများက ဆိုသည်။

လာမည့်နွေတွင် ကမ္ဘာ့ဖလားပွဲကျင်းပတော့မည်ဖြစ်သဖြင့် ကမ္ဘာ့ဖလားကစားလိုသော ကစားသမားများမှာ ကလပ်များတွင် ပုံမှန်ကစားခွင့်ရရေးအတွက် အားထုတ်ရလိမ့်မည် ဖြစ်သည်။

၃၁ နှစ်သား ရွန်းနီကို လက်ရှိအချိန်ထိ တရုတ်စူပါလိဂ်နှင့် အမေရိကန် မေဂျာလိဂ်မှ ကလပ်များက စောင့်ကြည့်နေကြဆဲ ဖြစ်သည်။

 

U Myo Thant




<< Back EPL News


Advertisement
Here