Serie-A News

အသင်းမန်နေဂျာဖြစ်လာသူ

Jun 15 , 2017

စီးရီးအေကလပ် မီလန်အသင်းသည် ဂိုးသမားကြီး အဘီယာတီကို အသင်းမန်နေဂျာအဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

အဘီယာတီမှာ မီလန်တွင် ၁၅ ရာသီကြာ ကစားခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၅-၁၆ ရာသီတွင် ကစားသမားအဖြစ်မှ အနားယူခဲ့သူ ဖြစ်သည်။

သူသည် မီလန်နှင့်အတူ စီးရီးအေချန်ပီယံ ၃ကြိမ်နှင့် ၂၀၀၂-၀၃ ချန်ပီယံလိဂ် ချန်ပီယံဆု ၁ကြိမ်ရခဲ့သူ ဖြစ်သည်။

တရုတ်စီးပွားရေးအုပ်စုဖြစ်သော ဆီနို-ယူရုတ်က ပြီးခဲ့သည့် ဧပြီလတွင် မီလန်ကို အပြီးသတ်ဝယ်ယူခဲ့ပြီး အဘီယာတီအနေနှင့် နည်းပြ မွန်တဲလား၏ အသင်းနှင့် ဘုတ်အဖွဲ့တို့ကြားတွင် ချိတ်ဆက်ညှိနှိုင်းပေးသူအဖြစ် တာဝန်ယူရမည် ဖြစ်သည်။ ထို့အပြင် အဘီယာတီမှာ အသင်းနှင့် ပတ်သက်သည့် ဆောင်ရွက်ခဲ့သမျှကို အသင်းအားကစားနှင့် နည်းစနစ်ဒါရိုက်တာ မီရာဘယ်လီထံ သို့လည်း တိုက်ရိုက်အစီရင်ခံရမည် ဖြစ်သည်။

စီးရီးအေ အဆင့် ၆ နှင့် ရာသီသိမ်းခဲ့သော မီလန်မှာ လောလောဆယ် ကစားသမားသစ် ၄ဦး ခေါ်ယူထားပြီး ၂၀၁၇-၁၈ ရာသီ ဦးတည်ချက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးဖြစ်ကြောင်း  သိရသည်။

U Myo Thant




<< Back Serie-A News


Advertisement
Here