EPL News

မန်ယူရောက် လင်ဒီလော့ဖ်

Jun 15 , 2017

ဘင်ဖီကာ နောက်ခံလူ လင်ဒီလော့ဖ်မှာ ပြောင်းရွှေ့ကြေး  ပေါင် ၃၀.၇ သန်းဖြင့် မန်ယူသို့ ရောက်ရှိလာပြီ ဖြစ်သည်။

ယခုအပြောင်းအရွှေ့ကာလတွင် မန်ယူသို့ ပထမဆုံးရောက်ရှိလာသူ  ၂၂ နှစ်သား လင်ဒီလော့ဖ်မှာ ကာရင်တန် လေ့ကျင့်ရေး ကွင်းတွင် ဆေးစစ်မှုခံယူခဲ့ပြီးနောက် ၄နှစ်စာချုပ်ချုပ်ဆိုခဲ့ကြသည်။

မန်ယူနည်းပြ မော်ရင်ဟိုက လွန်ခဲ့သည့် ဇန်န၀ါရီလကပင် ခေါ်ယူလိုခဲ့သော လင်ဒီလော့ဖ်ကို စာချုပ်ချုပ်ဆိုနိုင်ခဲ့၍များစွာ ကျေနပ်မိကြောင်း ပြောဆိုခဲ့သည်။

ဆွီဒင်လက်ရွေးစင်တစ်ဦးဖြစ်သူ လင်ဒီလော့ဖ်မှာ ဗဟိုနောက်ခံလူနှင့် ညာနောက်ခံလူအဖြစ် ကစားနိုင်သူတစ်ဦးဖြစ်ပြီး ၂၀၁၀မှ ၂၀၁၂ အထိ ဗက်စ်တာရက်စ်ကလပ်တွင် ၄၁ ပွဲကစားပေးခဲ့သည်။

၂၀၁၂ မှ ၂၀၁၆ အထိ ဘင်ဖီကာတွင်ရှိနေကာ ၉၆ ပွဲကစား ၄ဂိုး သွင်းယူပေးခဲ့သည်။ ဆွီဒင်လက်ရွေးစင်အဖြစ် ၁၂ ပွဲကစား ၁ဂိုးသွင်းယူထားသော လင်ဒီလော့ဖ်က ပြောင်းချင်လွန်း၍ အိပ်မက်ထဲ ထည့်မက်ခဲ့ရသော အသင်းထံရောက်လာခြင်းမှာ အံ့ဩဂုဏ်ယူဖွယ်ရာဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here