EPL News

နည်းပြကိုထုတ်တဲ့ ဆောက်သင်တန်

Jun 15 , 2017

ပရီးမီးယားလိဂ်ကလပ် ဆောက်သင်တန်အသင်းသည် နည်းပြ ကလော်ဒီပူရယ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။

ပြင်သစ်လိဂ်ဝမ်းကလပ် လိုင်ယွန်ကို ကိုင်တွယ်ခဲ့ဘူးသော ပူရယ်မှာ ဆောက်သင်တန်နှင့် ၃နှစ်စာချုပ်ချုပ်ဆိုထားသူဖြစ်သော် လည်း နည်းပြအဖြစ် တာဝန်ယူပြီး  ၁နှစ်အကြာတွင် ယခုကဲ့သို့ ထုတ်ပယ်ခံရခြင်း ဖြစ်သည်။

ပူရယ်အနေနှင့် အသင်းကို လွန်ခဲ့သောရာသီတွင် အဆင့် ၈ ရရှိစေခဲ့ပြီး EFL ဖလားပွဲ ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း ဆောက်သင်တန်အသင်း တာဝန်ရှိသူများက ပူရယ်ကို ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

အသင်းအနေနှင့် ပူရယ်၏ ကြိုးပမ်း အားထုတ်မှုများအပေါ် အသိအမှတ်ပြုပါကြောင်းနှင့် EFL ဖလား ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်မှုအတွက် ချီးကျူးဂုဏ်ပြုပါကြောင်း၊ လာမည့် အနာဂတ်တွင် ပူရယ်အနေနှင့် အောင်မြင်မှုများ ဆက်လက်ရရှိစေ ရန် ဆုတောင်းပါကြောင်း အသင်းကြေညာချက်ထဲတွင် ဖော်ပြထားခဲ့သည်။

ပူရယ်မှာ ဆောက်သင်တန်အတွက် ၃နှစ်အတွင်း ၄ယောက်မြောက် နည်းပြဖြစ်ခဲ့ပြီး ပိုချက်တီနို၏နေရာကို ကိုးမန်းက ဆက်ခံကာ ကိုးမန်းနေရာကို ပူရယ်က အစားထိုးဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here