EPL News

ထုတ်ပယ်ခံရမှု လျော့နည်းလာ

Jun 15 , 2017

ပြီးခဲ့သော ၂၀၁၆-၁၇ ရာသီတွင် အင်္ဂလန်လိဂ် ၄ခုမှ နည်းပြများထုတ်ပယ်ခံရမှုမှာ ထိုမတိုင်မီရာသီက နှိုင်းယှဉ်ပါက ၅၃%လျော့နည်းသွားကြောင်း သိရသည်။

လိဂ်နည်းပြများ အဖွဲ့ထုတ်ပြန်ချက်အရ ၂၀၁၆-၁၇ရာသီတွင် ပရီးမီးယားလိဂ်၌ ထုတ်ပယ်ခံရသောနည်းပြ ၇ဦးသာ ရှိခဲ့ပြီး ၂၀၁၅-၁၆ တွင် ၁၂ ဦး ရှိခဲ့သည်။

ထို့အတူ ချန်ပီယံရှစ်တွင် ထုတ်ပယ်ခံရသော နည်းပြမှာ ၁၉ ဦးမှ ၁၅ ဦး၊ လိဂ်ဝမ်းတွင် ၁၄ဦးမှ ၁၀ ဦး၊ လိဂ်တူးတွင် ၁၃ ဦးမှ ၁၂ ဦးသို့ လျော့ကျသွားခဲ့ပြီး လိဂ် ၄ခုလုံး ပေါင်းပါက ၂၀၁၅-၁၆ တွင် ၅၈ ဦး အထုတ်ခံခဲ့ရရာမှ ၂၀၁၆-၁၇ တွင် ၄၄ ဦးသို့ လျော့နည်းသွားခဲ့သည်။

လွန်ခဲ့သော ၂၀၁၁-၁၂ ရာသီမှစ၍ ၂၀၁၆-၁၇ ထိ ၆ရာသီတွင် ၂၀၁၁-၁၂ ရာသီမှာ ၃၃ ဦးဖြင့် ထုတ်ပယ်ခံရမှု အနည်းဆုံးဖြစ်ခဲ့ပြီး ၂၀၁၅-၁၆ ရာသီတွင် ၅၈ ဦးဖြင့် ထုတ်ပယ်ခံရမှုအများဆုံးရာသီဖြစ်ခဲ့သည်။

၂၀၁၄-၁၅တွင် ၄၇ ဦး အထုတ်ခံခဲ့ရပြီး ၂၀၁၆-၁၇ တွင် ၄၄ ဦးအထုတ်ခံရကာ ဒုတိယနှင့် တတိယထုတ်ပယ်ခံရ မှုအများဆုံးရာသီများ ဖြစ်ခဲ့သည်။

လက်ရှိအချိန်တွင် တာဝန်ထမ်းဆောင်ဆဲနည်းပြများထဲတွင် သက်တမ်းအရှည်ဆုံးမှာ အာဆင်နယ်မှ ၀င်းဂါးဖြစ်ပြီး၊ အသက် ၆၇ နှစ်အရွယ် ၀င်းဂါးမှာ ပရီးမီးယားလိဂ်နည်းပြသက်တမ်း ၂၁ နှစ်ရှိခဲ့ပြီ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here