Europe News

အဖွင့်ပွဲလွဲမည့် ဘရာဗို

Jun 16 , 2017

ချီလီလက်ရွေးစင် ဂိုးသမား ဘရာဗိုမှာ ဒဏ်ရာကြောင့် ကင်မရွန်းနှင့် ကစားရမည့် ကွန်ဖက်ဒရေးရှင်းဖလားပွဲ အဖွင့်ပွဲစဉ်ကို လွဲချော်မည် ဖြစ်သည်။

မန်စီးတီးဂိုးသမာလည်းဖြစ်သူ ဘရာဗိုမှာ လွန်ခဲ့သော ဧပြီ ၂၇ ရက်နေ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ယူနှင့် ကစားခဲ့ရာတွင် ထိုဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အသက် ၃၆ နှစ်အရွယ် ဂိုးသမား ဟာရားရားက ခြေစမ်းပွဲ ၃ပွဲတွင် ပါဝင်ခဲ့ပြီး အုပ်စုဒုတိယပွဲစဉ်အဖြစ် ဂျာမနီနှင့် ယှဉ်ပြိုင်ရမည့်ပွဲတွင် ပါဝင်နိုင်ရန် မျှော်လင့်လျက်ရှိသည်။

ချီလီဘောလုံးအဖွဲ့ချုပ်က ဘရာဗို၏ အနေအထားကို စောင့်ကြည့်လျက်ရှိပြီး စိတ်ချရပါမှ ကစားစေမည်ဟု ဆိုခဲ့သည်။

ချီလီအသင်းမှာ ဂျာမနီနှင့် ပွဲပြီးပါက အုပ်စုနောက်ဆုံးပွဲအဖြစ် ဩစတြေးလျအသင်းနှင့် ကစားရမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here