La-liga News

အသင်းပြောင်းချင်သူ

Jun 17 , 2017

ဝင်ငွေခွန်ဆိုင်ရာ ကိစ္စများပေါ်ပေါက်လာပြီးသည့်နောက်တွင် ရီးရဲလ်စတား စီရိုနယ်ဒိုက စပိန်တွင် မနေလိုတော့ဟု ပြောဆို ခဲ့ကြောင်း သိရသည်။

စပိန်လာလီဂါမှ နာမည်ကျော် ကစားသမားတစ်ဦးဖြစ်သူ မက်ဆီမှာ အခွန်ရှောင်တိမ်းသည်ဟူသော စွပ်စွဲချက်မျိုးကို ရင်ဆိုင်ခဲ့ ရသကဲ့သို့ ယခုလည်း စီရိုနယ်ဒိုမှာ ၀င်ငွေခွန် အပြည့်အ၀ပေးဆောင်ခြင်း မရှိခဲ့ဟု စွပ်စွဲမှုများ ထပ်မံပေါ်ထွက်လာခဲ့သည်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ၄ကြိမ်ရထားသော စီရိုနယ်ဒိုမှာ စပိန်၏အခွန်ဆိုင်ရာ စည်းမျဉ်းများနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးနေခဲ့ရပြီး အခြားလိဂ်တစ်ခုခုသို့ ပြောင်းကစားရန် စဉ်းစားနေပြီဟု သတင်းများထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထိုသတင်းထွက်ပြီးနောက် စီရိုနယ်ဒိုမှာ ငွေကြေးချမ်းသာသော ပြင်သစ်ကလပ် PSG(သို့မဟုတ်) အသင်းဟောင်း မန်ယူသို့ ပြောင်းလိမ့်မည်ဟူသော ယူဆမှုများလည်း ရှိလာခဲ့သည်။

စီရိုနယ်ဒိုမှာ မန်ယူသို့ ရောက်လာပြီးနောက် နာမည်ကျော် ကစားသမားတစ်ဦးအဖြစ် ထင်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် ရီးရဲလ်သို့ ပြောင်းရွှေ့သွားချိန်တွင် သူ၏ ခြေစွမ်းအကောင်းဆုံးအချိန်၌ ရောက်ရှိသွားခဲ့ခြင်းပင် ဖြစ်သည်။

PSG နှင့် ဘိုင်ယန်တို့မှာလည်း စီရိုနယ်ဒိုကို အနီးကပ်စောင့်ကြည့်နေကြပြီး အမေရိကန် မေဂျာလိဂ်နှင့် တရုတ်စူပါလိဂ်တို့သို့မူ စီရိုနယ်ဒို ပြောင်းရွှေ့လိုဦးမည် မဟုတ်ဟု ဆိုကြသည်။

စီရိုနယ်ဒိုကို ခေါ်ယူလိုသော ကလပ်များရှိနေသော်လည်း ရီးရဲလ်နှင့် စီရိုနယ်ဒိုတို့ ချုပ်ဆိုထားသည့်စာချုပ်အရ စာချုပ်သက်တမ်း မပြည့်မီ ပြောင်းရွှေ့လိုပါက ပြန်လည်ဝယ်ယူရမည့် စာချုပ် တန်ကြေးမှာ ယူရို တစ်ဘီလျံဟု ဆိုသည်။

U Myo Thant




<< Back La-liga News


Advertisement
Here