La-liga News

ရီးရဲလ်တွင်ဆက်ရှိမည့် ပီရက်စ်

Jun 19 , 2017

ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီရက်စ်မှာ ဥက္ကဋ္ဌရွေးပွဲတွင် သူ့ကို ယှဉ်ပြိုင်မည့်သူမရှိသဖြင့် ထိုရာထူး၌ ၂၀၂၁ အထိ ဆက်ရှိနေမည် ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်မှစ၍ ယခုရာထူးကို လက်ဝယ်ရရှိထားခဲ့သော ပီရက်စ်မှာ ယခုနှစ် ဥက္ကဋ္ဌသစ်ရွေးပွဲအဖြစ် ယှဉ်ပြိုင်ဘက် မရှိသောကြောင့် ၄ နှစ်သက်တမ်းရှိ ဥက္ကဋ္ဌရာထူးနေရာတွင် ဆက်ရှိသွားရန် အကြောင်းဖန်လာခြင်း ဖြစ်သည်။

အသက် ၇၀ နှစ်ရှိပြီဖြစ်သော ပီရက်စ်မှာ အသင်းကောင်းကျိုးအတွက် ကြိုးစားပေးခဲ့သူဟု နာမည်ရသူတစ်ဦးဖြစ်ပြီး ရီးရဲလ်မှာ ၄ရာသီအတွင်း ချန်ပီယံဖလား ၂ကြိမ်ရသည်အထိ အောင်မြင်ခဲ့သည်။

ထို့ပြင် ၂၀၁၂ နောက်ပိုင်း ဝေးကွာနေခဲ့သော လာလီဂါအမှတ်ပေးချန်ပီယံဘွဲ့ကို ၂၀၁၇ တွင် အရယူပေးနိုင်ခဲ့ပြီး နည်းပြ ဇီဒန်း အတွက်လည်း ဈေးဦးပေါက်ဖလားတစ်လုံး ဖြစ်ခဲ့သည်။

ရီးရဲလ်အနေနှင့် ချန်ပီယံလိဂ်ဖလားကို သူမတူအောင် ၂နှစ်ဆက်တိုက်ရယူနိုင်ခဲ့သော ပထမဆုံးအသင်းဖြစ်ခဲ့ပြီး လောလောဆယ်တွင်မူ အခွန်ကောက်မှုစနစ်ကြောင့် စိတ်ရှုပ်ခဲ့ရသော ရီးရဲလ်စတား စီရိုနယ်ဒို အသင်းမှ ထွက်မည့်အရေးနှင့် ရင်ဆိုင်ရလျက်ရှိသည်။

U Myo Thant




<< Back La-liga News


Advertisement
Here