Serie-A News

ဘယ်လော့တီအကြောင်းပြောတဲ့ ဥက္ကဋ္ဌ

Jun 20 , 2017

မီလန်နှင့် PSG တို့မှာ တိုက်စစ်မှုး ဘယ်လော့တီအတွက် တရားဝင်စုံစမ်းကမ်းလှမ်းခြင်းမရှိသေးကြောင်း တိုရီနို အသင်းဥက္ကဋ္ဌ ကိုင်ရိုက ပြောဆိုလိုက်သည်။

စတားတိုက်စစ်မှုးဖြစ်နေသော ဘယ်လော့တီမှာ လွန်ခဲ့သော ၂၀၁၆-၁၇ ရာသီတွင် စီးရီးအေ၌ ၂၆ ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်ပြီး မီလန်၊ PSG၊ မန်ယူတို့က ခေါ်ယူလိုနေသည်ဟု သတင်းထွက်နေသူ ဖြစ်သည်။

တိုရီနိုကမူ ၎င်းတို့၏ ၂၃ နှစ်သား အီတလီလက်ရွေးစင် ဘယ်လော့တီကို ထုတ်ရောင်းရန် ဆန္ဒမရှိပဲ အကယ်၍ ခေါ်ယူလိုပါက ယူရို သန်း ၁၀၀ ပေးရမည်ဟု ဆိုခဲ့သည်။

ကိုင်ရိုက ဘယ်လော့တီမှာ အသင်းနှင့် ၂၀၂၁အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ကြောင်း မိမိတို့ တိုက်စစ်မှုးအနေနှင့် အသင်းတွင် ပျော်ရွှင်နေမည်ဟု ယုံကြည်ထားကြောင်း၊ မီဒီယာသမားများက မျိုးစုံရေးနေသော်လည်း မီလန်၊ PSG တို့မှာ မိမိတို့ထံ ဆက်သွယ်လာမှုမရှိသေးကြောင်း ပြောဆိုသွားခဲ့သည်။

ကိုင်ရိုကပင် လွန်ခဲ့သော ရာသီက အသင်းတွင် အငှားစာချုပ်ဖြသ့် လာကစားခဲ့သူ မန်စီးတီး ဂိုးသမား ဂျိုးဟတ်ကို ဆက်ခေါ်ထားရန် အစီအစဉ်မရှိကြောင်းနှင့် PSG ဂိုးသမား ဆင်ဂူကို စိတ်ဝင်စားကြောင်း ပြောဆိုခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here