La-liga News

စစ်ဆေးခံနေရသော မိုဒရစ်

Jun 20 , 2017

ခရိုအေးရှားအသင်းခေါင်းဆောင် ရီးရဲလ် ကွင်းလယ်ကစားသမား မိုဒရစ်မှာ အခွန်ရှောင်တိမ်းမှုကြောင့် တရားရုံးတွင် စစ်ဆေး ခံနေရကြောင်း သိရသည်။

သူ၏ မန်နေဂျာဟောင်းဖြစ်သူ မာမစ်နှင့် ဆက်စပ်၍ ယင်းအခွန်ကိစ္စ စုံစမ်းစစ်ဆေးခြင်းများ စတင်ခဲ့ခြင်း ဖြစ်သည်။

၎င်းစွပ်စွဲချက်များနှင့် ပတ်သက်၍ မိုဒရစ်က မည်သည့်မှတ်ချက်မှ မပေးသေးပဲ အနေအထားကို စောင့်ကြည့်နေဆဲ ဖြစ်သည်။

မာမစ်မှာ ခရိုအေးရှား ဘောလုံးလောကတွင် ဩဇာရှိသူတစ်ဦးဖြစ်ပြီး ဒိုင်နမိုဇာဂရက်အသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူခြင်း မရှိပဲ ကွက်ပျက်ခဲ့သူဟု ဆိုသည်။

ကစားသမားများ ထုတ်ရောင်းရာမှ ရသောဝင်ငွေများထဲမှ ပေါင် ၁၃ သန်းဝန်းကျင်ကို စာရင်းဖျောက်ထားသည့်အတွက်ဟု စွပ်စွဲ ချက်ထဲတွင် ဖော်ပြထားခဲ့သည်။

အကယ်၍ ထိုအမှုထဲတွင် မိုဒရစ်ပါဝင်ခဲ့ပါက ထောင်ဒဏ် ၆လမှ ၅နှစ်အထိကျခံရဖွယ်ရှိသည်ဟုလည်း ဆိုသည်။

U Myo Thant




<< Back La-liga News


Advertisement
Here