Gossips

နိုဘယ်ဆုအကြောင်းပြောတဲ့ ဘလတ္တာ

Jun 20 , 2017

ဖီဖာဥက္ကဋ္ဌဟောင်းဖြစ်သူ ဘလတ္တာက ဖီဖာအဖွဲ့ကြီးအနေနှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုသင့်ကြောင်း ထုတ်ဖော်ပြောဆိုလိုက် သည်။

အသက် ၈၁ နှစ်ရှိပြီဖြစ်သော ဘလတ္တာမှာ ၂၀၁၅ အောက်တိုဘာလမှစ၍ ဖီဖာဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံခဲ့ရသူဖြစ်ပြီး ဘောလုံးလောကလှုပ်ရှားမှုများနှင့် ၈နှစ်တာ မပတ်သက်ရန် တားမြစ် ပြစ်ဒဏ် ချမှတ်ခံထားရသူ ဖြစ်သည်။

သူသည် ၂၀၁၁ တွင် UEFA ဥက္ကဋ္ဌ ပလာတီနီနှင့်အတူ ရိုးသားမှုမရှိသော ငွေကြေးပေးအပ်မှု စွပ်စွဲချက်ကြောင့် ၈ နှစ်တာ ပိတ် ပင်ခံရခြင်းဖြစ်ပြီး အယူခံဝင်ပြီးနောက်တွင် ၆နှစ်သို့ လျှော့ချပေးခဲ့ကာ ပလာတီနီမှာလည်း UEFA ဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားပေး ခဲ့ရသည်။

၁၉၉၈ မှစ၍ ဖီဖာကို ဦးဆောင်လာခဲ့သော ဘလတ္တာက ဂါးဒီးယန်းသတင်းစာနှင့် အင်တာဗျူးရာတွင် သူ့အနေနှင့် နိုဘယ်လ်ဆု ရွေးချယ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း လူပုဂ္ဂိုလ်တစ်ဦးချင်းကိုမဟုတ်ပဲ ဖီဖာအဖွဲ့ကြီးအနေနှင့် နိုဘယ်လ် ငြိမ်း ချမ်းရေးဆု ရသင့်ပြီဟု တင်ပြခဲ့ကြောင်း၊ ဘောလုံးအားကစားသည် လူအများ ချစ်ကြည်ငြိမ်းချမ်းစွာ လက်တွဲပါဝင်ခွင့်ရသည့် အားကစားနည်းဖြစ်သကဲ့သို့ နိုင်ငံရေး၊ ဘာသာရေး ခွဲခြားမှုများလည်း မရှိသည့်အတွက် ငြိမ်းချမ်းမှုကို ဖော်ဆောင်ပေးနေ သည်မှာ ထင်ရှားလှကြောင်းစသဖြင့် ပြောဆိုသွားခဲ့သည်။

   

U Myo Thant




<< Back Gossips


Advertisement
Here