Gossips

အခွန်ရှောင်တိမ်းမှုနှင့် မော်ရင်ဟို

Jun 21 , 2017

ရီးရဲလ်နည်းပြဟောင်း မော်ရင်ဟိုအနေနှင့် စပိန်တွင် အခွန်ငွေပေးဆောင်ရန် ကျန်ရှိနေကြောင်း စုံစမ်းရေးမှုးတစ်ဦးက ပြောဆို လိုက်သည်။

မော်ရင်ဟိုအနေနှင့် ၂၀၁၁နှင့် ၂၀၁၂တို့အတွက် အခွန်ပေါင် ၂.၉ သန်း ပေးဆောင်ခြင်းမရှိခဲ့ကြောင်း သတင်းများပေါ်ထွက်လာပြီး မော်ရင်ဟိုမှာ အခွန်ရှောင်တိမ်းရန် အကြောင်းမရှိကြောင်း မော်ရင်ဟို၏ အကြံပေးများက ပြန်လည်တုန့်ပြန်ခဲ့သည်။

စပိန်ဘောလုံးလောကအတွင်း နာမည်ကြီးကစားသမား ၂ဦးဖြစ်သော မက်ဆီ၊ စီရိုနယ်ဒိုတို့မှာ ထိုသို့သော စွပ်စွဲမှုမျိုးနှင့် ကြုံခဲ့ကြရ သူများဖြစ်ပြီး ယခု မော်ရင်ဟို နာမည်ပေါ်ထွက်လာခြင်း ဖြစ်သည်။

မက်ဒရစ်အခြေစိုက် စုံစမ်းရေးမှုးက မော်ရင်ဟိုအနေနှင့် ရုပ်ပုံ မူပိုင်ခွင့်မှရရှိသောငွေကြေးများကို ၀င်ငွေစာရင်းတွင် ထည့်သွင်း ခဲ့ခြင်းမရှိကြောင်း ၂၀၁၁ အတွက် ပေါင် ၁.၄ သန်းနှင့် ၂၀၁၂ အတွက် ပေါင် ၁.၅ သန်းဖြစ်ကြောင်း၊ ဤအမှုနှင့် ပတ်သက်၍ သက် ဆိုင်ရာဒေသတရားရုံးက စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

U Myo Thant




<< Back Gossips


Advertisement
Here