Gossips

ဗိုလ်စွဲခဲ့သော ဘိုကာဂျူနီယာ

Jun 21 , 2017

အာဂျင်တီးနား နာမည်ကြီးကလပ် တစ်ခုဖြစ်သော ဘိုကာဂျူနီယာအသင်းမှာ အမှတ်ပေးချန်ပီယံဘွဲ့ကို ၃၂ ကြိမ်မြောက်အဖြစ် ရရှိခဲ့ပြီ ဖြစ်သည်။

ဘိုကာဂျူနီယာအသင်းမှာ ယခုအပတ်အတွက် ပွဲစဉ်ကို မကစားရသေးသော်လည်း ဒုတိယနေရာမှ ဘန်ဖီးလ်အသင်းမှာ အဆင့် ၄ မှဆန်လော်ရင်ဇိုကို ၁-၀ဖြင့် ရှုံးနိမ့်သွားခဲ့သောကြောင့် ဘိုကာဂျူနီယာနှင့် ၅မှတ်ကွာဟသွားခဲ့သဖြင့် ဘိုကာဂျူနီယာ ကြိုတင်ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

နည်းပြ ရှီလော့တို၏ ဘိုကာဂျူနီယာအသင်းမှာ ယခုရာသီတွင် ရှုံးပွဲ ၃ပွဲသာရှိခဲ့ပြီး အသင်းအောင်မြင်ရေးအတွက် အဓိကကျခဲ့သူ ၂ဦးမှာ ဘီနီဒက်တို (၁၈ဂိုး)၊ ပါဗွန် (၉ဂိုး)တို့ ဖြစ်သည်။

တရုတ်စူပါလိဂ်သို့ ဒီဇင်ဘာလက ပြောင်းရွှေ့သွားခဲ့သော တီဗက်ဇ်မှာ ဘိုကာဂျူနီယာအတွက် ရာသီအစောပိုင်းတွင် ၅ဂိုး သွင်းပေးသွားခဲ့သည်။

ဘိုကာဂျူနီယာအနေနှင့် ချန်ပီယံဘွဲ့အများဆုံးရထားသည့် ရေးဗားပလိဂ် (ချန်ပီယံ ၃၆ကြိမ်) ၏ စံချိန်ကို လိုက်မီရန် ကြိုးစားရဦးမည် ဖြစ်သည်။

U Myo Thant




<< Back Gossips


Advertisement
Here