EPL News

ဒါမီယံကို ဂျူဗီစောင့်ကြည့်

Jun 21 , 2017

ဂျူဗင်တပ်အသင်းမှာ နောက်ခံလူ အဲလ်ဗက်စ်နေရာကို အစားထိုးရန်အတွက် မန်ယူမှ ဒါမီယံကို စောင့်ကြေည့်နေကြောင်း သိရ သည်။

အီတလီသား ဒါမီယံအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်း ၀န်းကျင်ရှိနိုင်ပြီး မန်ယူအနေနှင့်လည်း တရားဝင်ကမ်းလှမ်းလာ မည့်အပေါ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဲဗက်စ်မှာ မန်စီးတီးသို့ပြောင်းရန် ပြင်ဆင်နေသူဖြစ်ပြီး ဂျူဗင်တပ်ကက ထိုနေရာအတွက် ဒါမီယံနှင့်အတူ ဗလင်စီယာမှ ကန်ဆီလို၊ ရီးရဲလ်မှ ဒါနီလို၊ မီလန်မှ ဆီဂလီယိုတို့ကိုလည်း စိတ်ဝင်စားလျက် ရှိနေသည်။

၂၇ နှစ်သား ဒါမီယံမှာ ၂၀၁၅ တွင် ပြောင်းရွှေ့ကြေး ပေါင် ၁၂.၇သန်းဖြင့် တိုရီနိုမှ မန်ယူသို့ ရောက်လာသူဖြစ်ပြီး စာချုပ် သက်တမ်း ၂နှစ် ကျန်သေးသူ ဖြစ်သည်။

သူသည် ၂၀၁၅ ဩဂုတ်လတွင် EPL တစ်လတာအကောင်းဆုံးကစားသမားဆုကို ရခဲ့သော်လည်း ဒဏ်ရာကြောင့် သူ့နေရာကို ဗလင်စီယာက ၀င်ကစားနေခဲ့ရပြီး ၂ရာသီအတွင်း ၆၈ ပွဲ ကစားပေးခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here