Champions League

ချန်ပီယံလိဂ်ကစားခွင့်ရ ၂သင်း

Jun 21 , 2017

ပိုင်ရှင်တစ်ဦးတည်းဖြစ်နေသော ဂျာမနီကလပ် လိုက်ပဇစ်နှင့် ဩစတြီးယားကလပ် ဆာလ်ဘာ့ဂ်တို့ကို လာမည့်ရာသီ ချန်ပီယံလိဂ်တွင် ကစားခွင့်ပြုလိုက်ပြီဟု UEFA က တရားဝင်သတင်း ထုတ်ပြန်ခဲ့သည်။

UEFA အနေနှင့် ပြိုင်ပွဲတစ်ခုတွင် ပိုင်ရှင်တူကလပ် အသင်း၂သင်းကို ကစားခွင့်မပြုခဲ့ပဲ ယခုနောက်ဆုံးတွင်မှ ခွန်အားဖြည့် အချိုရည် ကုမ္ပ္ပဏီကြီးဖြစ်သော Red Bull ၏ ပိုင်ဆိုင်မှုအောက်တွင်ရှိနေသည့် လိုက်ပဇစ်နှင့် ဆာလ်ဘာ့ဂ်တို့ကို ကစားခွင့်ပြု ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆-၁၇ ရာသီ ဘွန်ဒစ်လီဂါတွင် ဒုတိယရခဲ့သော လိုက်ပဇစ်မှာ ၂၀၀၉ ခုနှစ်တွင်မှ Red Bull ၏ ကျောထောက်နောက် ခံပြုမှုနှင့်စတင်တည်ထောင်ခဲ့သော အသင်းဖြစ်ပြီး ၇ ရာသီအတွင်း ၄ကြိမ် တန်းတက်ခွင့်ရခဲ့ကာ ဘွန်ဒစ်လီဂါသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဆာလ်ဘာ့ဂ်မှာ ၂၀၀၅ တွင် Red Bull ၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့သောအသင်းဖြစ်ပြီး ၂၀၁၆-၁၇ ဩစတြီးယား အမှတ်ပေးချန်ပီယံ အသင်းဖြစ်သည်။

Red Bull အနေနှင့် ဆာလ်ဘာ့ဂ်ကို ပိုင်ဆိုင်ခဲ့သည်ဆိုသော်လည်း နောက်ပိုင်းတွင် အသင်းကိစ္စရေးရာများ၌ ၀င်ရောက် စွက် ဖက်ခြင်းမရှိသကဲ့သို့ စပွန်ဆာရရှိရေးကဲ့သို့သော် ကိစ္စများတွင်လည်း ကလပ်အသင်း တာဝန်ရှိသူများကသာ ဆုံးဖြတ်စီမံခန့် ခွဲနေကြခြင်း ဖြစ်သည်။

အသင်း ၂သင်းလုံး ပါဝင်ခွင့်ကို UEFA ၏ ကလပ်အသင်းများ ဘဏ္ဍရေးဆိုင်ရာ ထိန်းချုပ်မှုအဖွဲ့၏ ထောက်ခံမှုဖြင့် ခွင့်ပြုခင်းဖြစ်ပြီး အားကစားဆိုင်ရာ ကမ္ဘာ့ခုံရုံးသို့ ၁၀ ရက်အတွင်း ဆက်လက်တင်ပြရဦးမည် ဖြစ်သည်။

U Myo Thant




<< Back Champions League


Advertisement
Here