EPL News

ဒဏ်ကြေးပေးခဲ့ရသော ဒီမာရီယာ

Jun 22 , 2017

မန်ယူတွင် ကစားခဲ့ဘူးသော ဒီမာရီယာမှာ စပိန်တွင် ပေးဆောင်ရမည့် ဒဏ်ကြေးပေါင် ၂သန်းကို ပေးဆောင်ပြီးနောက် စပိန်တွင် ပျော်စရာအတိဖြင့် နေရတော့မည် ဖြစ်သည်။

၂၉ နှစ်သား ဒီမာရီယာမှာ ယခုလောလောဆယ်တွင် PSG အသင်း၌ ကစားနေပြီး အခွန်ကိစ္စများ ရှင်းလင်းပြီးသွားပြီဖြစ်၍ များစွာစိတ်သက်သာရာ ရခဲ့ပြီဖြစ်သည်။

စပိန်မှာ ဘောလုံးသမားများအပေါ် အခွန်ကိစ္စရပ်များအတွက် သတိထားစရာနယ်မြေတစ်ခုဖြစ်ပြီး မက်ဆီနှင့် စီရိုနယ်ဒိုတို့ကဲ့သို့သော ကမ္ဘာကျော်များအပေါ် အခွန်ရှောင်တိမ်းမှုနှင့် တရားစွဲဆိုထားပြီ ဖြစ်သည်။

ဒီမာရီယာ အခွန်ဆောင်ရန် ကျန်ရှိနေသောခုနှစ်မှာ ၂၀၁၂-၁၃ ကာလအတွက်ဖြစ်ပြီး ဒီမာရီယာအနေနှင့် ကျသင့်သည့် ဒဏ်ငွေပေးဆောင်ပြီးသွား၍ လွတ်လပ်ပေါ့ပါးသွားသည်ဟု ပြောဆိုခဲ့ပြီး စီရိုနယ်ဒိုနှင့် မော်ရင်ဟိုတို့မှာ အခွန်ရှောင်သည်ဟူသော စွပ်စွဲချက်များအတွက်က ရင်ဆိုင်ကြရဦးမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here