Europe News

အိမ်ရှင်လုပ်လိုသော ချီလီ

Jun 22 , 2017

တောင်အမေရိကနိုင်ငံတစ်ခုဖြစ်သော ချီလီက ၎င်းတို့အနေနှင့် အခြားနိုင်ငံတစ်ခုခုနှင့် ပူးပေါင်းကာ ၂၀၂၆ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခွင့်အတွက် ၀င်ရောက်အရွေးခံလိုကြောင်း ပြောဆိုလိုက်သည်။

ချီလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အာတူရို ဆာလာက ကွန်ဖက်ဒရေးရှင်းဖလားပွဲအတွက် ရုရှသို့ ရောက်နေ ခိုက်တွင်အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်လုပ်ခွင့်နှင့် ပတ်သက်၍ အမေရိကန်က ကနေဒါ မက္ကဆီကိုတို့နှင့် ပူးပေါင်းကာ ၃နိုင်ငံ ပူးတွဲအိမ်ရှင်လုပ်ခွင့်အတွက် ၀င်ရောက်အရွေးခံမည်ဟု ပြောဆိုခဲ့ပြီးနောက် ချီလီ ဘက်မှ ယခုကဲ့သို့ အသံထွက်လာခြင်း ဖြစ်သည်။

ဥက္ကဋ္ဌဆာလာက "ကျနော်တို့အနေနဲ ၂နိုင်ငံဖြစ်ဖြစ်၊ ၃နိုင်ငံဖြစ်ဖြစ် ပူးပေါင်းပြီး အိမ်ရှင်လုပ်ခွင့်အတွက် ကြိုးသွားသွားချင်ပါတယ်" ဟု ဆိုခဲ့သည်။

ကမ္ဘာ့တိုက်ကြီးများတွင် ကမ္ဘာ့ဖလားပွဲများကို အလှည့်ကျသဘောမျိုးဖြင့် ကျင်းပခဲ့ရာ လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဥရောပမှ ရုရှ၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှမှ ကာတာတို့က ကျင်းပခွင့်ရမည်ဖြစ်၍ ၂၀၂၆ အတွက် မြောက်အမေရိကတိုက်က ကျင်းပခွင့်ရရန် အလေးသာလျက် ရှိသည်။

၂၀၁၀တွင် အာဖရိကမှ တောင်အာဖရိက၊ ၂၀၁၄တွင် တောင်အမေရိကမှ ဘရာဇီးတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြပြီး ဖြစ်သည်။

တောင်အမေရိကနိုင်ငံများတွင် ကမ္ဘာ့ဖလားကျင်းပခွင့်ရခဲ့သည်မှာ ၅ကြိမ်ရှိပြီဖြစ်ပြီး ပထမဆုံး ၃ကြိမ်မှာ ၁၉၃၀ ကျော်ကာလများကဖြစ်ပြီး ၁၉၇၈ တွင် အာဂျင်တီးနား၊ ၂၀၁၄ တွင် ဘရာဇီးတို့က အိမ်ရှင် လုပ်ခဲ့ကြပြီး ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here