La-liga News

လူခေါ်ဦးမည့် ဘာစီလိုနာ

Jun 22 , 2017

ဘာစီလိုနာအနေနှင့် စပိန်ဘောလုံးလောကအပြင် ဥရောပတွင်ပါ အောင်မြင်မှုများ ပြန်လည်ရရှိလာရေး အတွက် နာမည်ကြီးကစားသမားအချို့ ခေါ်ယူသွားရန် ပြင်ဆင်လျက်ရှိသည်။

အားကစားဒါရိုက်တာ ဖာနန်ဒက်စ်က သူ့အနေနှင့် နည်းပြသစ် ဗယ်ဗာဒီ အလိုရှိသော ကစားသမား များကို ခေါ်ယူပေးနိုင်ရေးအတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ အသင်းအောင်မြင်ရေးအတွက် တက် စွမ်းနိုင်သမျှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ကစားသမားများနှင့် ပတ်သက်သည့် သတင်း အချက် အလက်များ ရရှိရေးကိုလည်း ကြိုးစားနေပါကြောင်း ပြောဆိုခဲ့သည်။

ဖာနန်ဒက်စ်က ဆက်လက်၍ အချို့ကစားသမားများမှာ ဘာစီလိုနာသို့လာရန် လက်တွန့်နေ တတ်ကြောင်း အကြောင်းမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် အပြိုင်အဆိုင်ကြိုးစားကြရ၍ဖြစ်ကြောင်း၊ သို့သော် လည်း မိမိတို့သည် လွန်ခဲ့သော ရာသီက ခေါ်ယူနိုင်ခဲ့သူများကိုကြည့်၍ ကျေနပ်အားရသကဲ့သို့ ယခုရာသီတွင်လည်း လိုအပ်နေသောနေရာနှင့် ထိုက်တန်သော ကစားသမားကောင်းများ ခေါ်ယူနိုင်ရေးအတွက် ယုံကြည်မှုအပြည့်ရှိနေကြောင်း ပြောဆိုသွားခဲ့သည်။

ဘာစီလိုနာအသင်းမှာ လောလောဆယ်တွင် PSG မှ ဗာရက်တီ၊ အာဆင်နယ်မှ ဘယ်လာရင်၊ ဒေါ့မွန်မှ ဒမ်ဘီလီတို့ကို ခေါ်ယူနိုင်ရေးအတွက် ချိတ်ဆက်ကမ်းလှမ်းလျက် ရှိနေသည်။

U Myo Thant




<< Back La-liga News


Advertisement
Here