Gossips

၈ပွဲ အပယ်ခံရသော အော်စကာ

Jun 23 , 2017

ရှန်ဟိုင်း SIPG အသင်းတွင် ကစားနေသော ကွင်းလယ်တိုက်စစ်သမား အော်စကာမှာ ဂွန်ဇူးအသင်းနှင့် ကစားရာတွင် ကြမ်းရမ်းစွာပြုမူခဲ့ခြင်းအတွက် တရုတ်ဘောလုံးအဖွဲ့ချုပ်က ၈ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်သည်။

ချဲလ်ဆီးတွင် ကစားခဲ့ဘူးသော ဘရာဇီးသား အော်စကာမှာ ၁ဂိုးစီ သရေကျနေသည့် ပထမပိုင်းတွင် ပြိုင်ဘက်ကစားသမားနှင့် အတွေ့၌ ခပ်ကြမ်းကြမ်းကစားခဲ့မိပြီ နှစ်ဘက်ကစားသမားများပါ ရုန်ရင်းဆန်ခတ်ဖြစ်ခဲ့ကြသည်။

ကွင်းလယ်ဒိုင်မှာ  ဂွန်ဇူးဘက်မှ လီတီရှန်းနှင့် ရှန်ဟိုင်းဘက်မှ ဖူဟွန်တို့ကို ပွဲမှ ထုတ်ပယ်ခဲ့သော်လည်း အော်စကာမှာ ပြစ်ဒဏ်ချခြင်းမခံခဲ့ရပေ။

သို့သော် တရုတ်ဘောလုံးအဖွဲ့ချုပ်က ပြိုင်ပွဲကို ပြန်လည်ကြည့်ရှုခဲ့ကြပြီးနောက် အော်စကာကို ၈ပွဲပယ်ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

၂၅ နှစ်သား အော်စကာ၏ ပြုမှုပုံမှာ လက်ခံနိုင်ဖွယ်ရာမရှိဟု ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။

အော်စကာကို တွန်းထိုးခဲ့သူ ဂွန်ဇူးမှ ဇွီဟွာကို ၇ပွဲပယ်၊ ဖူဟွန်ကို ၆ပွဲပယ်၊ လီတီရှန်ကို ၅ပွဲပယ်နှင့် အော်စကာကို ၈ပွဲပယ်အပြင် ဒဏ်ငွေ ဒေါ်လာ ၅၀၀၀ ပေးဆောင်ရန် အမိန့်ချခဲ့သည်။

U Myo Thant




<< Back Gossips


Advertisement
Here