EPL News

ဒီဘိုးဝါးကိုခေါ်မည့် ပဲလေ့စ်

Jun 23 , 2017

ပရီးမီးယားလိဂ်ကလပ်တစ်ခုဖြစ်သော ခရစ္စတယ်ပဲလေ့စ်အသင်းမှာ ဟော်လန်လက်ရွေးစင်ဟောင်းတစ်ဦးဖြစ်သူ ဒီဘိုးဝါးကို နည်းပြအဖြစ် ခန့်အပ်နိုင်ရေးအတွက် ဆွေးနွေးလျက် ရှိသည်။

လန်ဒန်တောင်ပိုင်းကလပ်တစ်ခုဖြစ်သော ပဲလေ့စ်၏ ဥက္ကဋ္ဌ ပါရစ်က ဒီဘိုးဝါးကို ပထမဦးစားပေးအဖြစ် ခေါ်ယူလိုသည်ဟုလည်း ဆိုသည်။

ပဲလေ့စ်အသင်းမှာ လွန်ခဲ့သော ရာသီက နည်းပြဆမ်အလာဒိုက်စ် ကြိုးစားဦးဆောင်ပေးမှုကြောင့် တန်းဆင်းရမည့်ဘေးမှ ကင်းဝေးခဲ့သော အသင်းဖြစ်သည်။

ဒီဘိုးဝါးမှာ ဟော်လန်လက်ရွေးစင်အဖြစ် ၁၁၂ပွဲ ကစားခဲ့သူဖြစ်ပြီး ၂၀၁၀မှ ၂၀၁၆ အတွင်း အေဂျက်ကို ကိုင်တွယ်ခဲ့ရာတွင် ဟော်လန်အမှတ်ပေး ချန်ပီယံ ၄ကြိမ် ရရှိခဲ့သည်။

၂၀၁၅-၁၆ ရာသီ နောက်ဆုံးပွဲစဉ်တွင် ဟော်လန်အမှတ်ပေးချန်ပီယံဆုကို PSV က ရသွားခဲ့ပြီးနောက် ဒီဘိုးဝါးမှာ အေဂျက်ကို စွန့်ခွာခဲ့ကာ စီးရီးအေကလပ် အင်တာသို့ ရောက်ရှိလာခဲ့သည်။

သို့သော် အင်တာနည်းပြအဖြစ် ၈၅ ရက်သာ တာဝန်ယူခဲ့ရပြီးနောက် ၂၀၁၆ နိုဝင်ဘာတွင် အင်တာနည်းပြအဖြစ်မှ ထုတ်ပယ် ခံခဲ့ရသည်။

U Myo Thant




<< Back EPL News


Advertisement
Here