La-liga News

၃၀ပြည့် မက်ဆီ

Jun 26 , 2017

လွန်ခဲ့သော ၂၄ ရက်နေ့က အသက် ၃၀ ပြည့်သွားခဲ့သော ဘာစီလိုနာ စတား မက်ဆီက သူသည် ဘဝတွင် အဘက်ဘက်၌ စိတ်ချမ်းသာရာရနေပါကြောင်း ပြောဆိုလိုက်သည်။

အာဂျင်တီးနားလက်ရွေးစင်လည်းဖြစ်သူ မက်ဆီမှာ ကစားသမားဘဝတွင် ကမ္ဘာကျော် ဘောလုံးသမားအဖြစ် အောင်မြင်နေသကဲ့ သို့ ပြင်ပလူသားဘဝတွင်လည်း သာယာချမ်းမြေ့သော မိသားစုဘဝကို ထူထောင်ထားနိုင်သူ ဖြစ်သည်။

အာဂျင်တီးနားအသင်းနှင့် ဆုပေါင်းများစွာမရနိုင်သေးသော်လည်း အသင်းအတွက် အဓိက တိုက်စစ်မှုးအဖြစ် ရှိနေသေးသကဲ့သို့ ဘာစီလိုနာကလပ်နှင့် အတူ ဆုတံဆိပ်ပေါင်းများစွာ ရယူထားနိုင်သည့်အပြင် ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦး လည်း ဖြစ်သည်။

မက်ဆီ၏ အသက် ၃၀ ပြည့်သောနေ့တွင် ဘရာဇီးသာများဖြစ်ကြေသော ရော်နယ်ဒင်ဟို၊ နေမာနှင့်အတူ အခြားနာမည်ကြီး တိုက်စစ်မှုးတစ်ဦးဖြစ်ခဲ့သူ အီတူးတို့က မွေးနေ့ဆုတောင်းများ ပေးပို့ခဲ့ကြသည်။

U Myo Thant




<< Back La-liga News


Advertisement
Here