Gossips

သက်တမ်းတိုးသော ဘာလိုတယ်လီ

Jun 26 , 2017

အီတလီသား ဘာလိုတယ်လီမှာ လက်ရှိကစားနေသော နိုက်စ်အသင်းနှင့် ၁နှစ်စာချုပ်သက်တမ်းထပ်တိုးခဲ့ကြောင်း သိရသည်။

၂၆ နှစ်သား ဘာလိုတယ်လီမှာ လွန်ခဲ့သော ရာသီက ပြင်သစ်လိဂ်ဝမ်းကလပ် နိုက်စ်အတွက် ၁၅ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အမှတ်ပေးဇယား တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သောကြောင့် ၂၀၁၇-၁၈ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။

သူသည် လီဗာပူးသို့ ပေါင် ၁၆ သန်းဖြင့် ၂၀၁၄ က ရောက်လာခဲ့ပြီး လီဗာပူးမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ၂၀၁၆ ဩဂုတ်လတွင် နိုက်စ်သို့ ရောက်လာသူ ဖြစ်သည်။၏

မန်စီးတီးတွင်လည်း ကစားဖူးခဲ့သူ ဘာလိုတယ်လီမှာ အီတလီလက်ရွေးစင်အသင်းအတွက် ၃၃ ပွဲ ကစား ၁၃ ဂိုး သွင်းယူပေးနိုင်ခဲ့သော်လည်း ၂၀၁၄ ကမ္ဘာ့ဖလားနောက်ပိုင်းတွင် လက်ရွေးစင်အဖြစ် တစ်ပွဲမျှ ကစားခွင့်မရသေးသူ ဖြစ်သည်။

U Myo Thant




<< Back Gossips


Advertisement
Here