Gossips

မော်ရင်ဟို၏ ဖခင်ကွယ်လွန်

Jun 27 , 2017

မန်ယူနည်းပြ မော်ရင်ဟို၏ ဖခင်ဖြစ်သူ ဖီးလစ်မှာ အသက် ၇၉ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဖီးလစ်ကွယ်လွန်ကြောင်း ပေါ်တူဂီကလပ်တစ်ခုဖြစ်သော ဘီလီနန်ဆက်စ်အသင်းက တရားဝင်အတည်ပြုဖော်ပြခဲ့ပြီး ဖီးလစ်၏ဇနီးနှင့် သားဖြစ်သူ ဂျို့စ်မော်ရင်ဟိုတို့နှင့် ထပ်တူဝမ်းနည်းကြေကွဲကြောင်း ရေးသားထားခဲ့သည်။

အင်စတာဂရမ်တွင် မော်ရင်ဟိုနှင့် ဖခင်ဖြစ်သူတို့၏ အဖြူအမည်းဓာတ်ပုံကို တင်ထားခဲ့ပြီး ဖီးလစ်မှာ ကစားသမားဘဝက ဂိုးသမားတစ်ဦးဖြစ်ကာ ဆီတူဘယ်နှင့် ဘီလီနန်ဆက်စ်အသင်းများတွင် ၁၉ နှစ်တိုင် ကစားခဲ့သူ ဖြစ်သည်။

ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၁ပွဲပါဝင်ကစားပေးခဲ့သူ ဖီးလစ်မှာ စီမံခန့်ခွဲရေးနှင့် နည်းပြတာဝန်များအတွက် နှစ်ပေါင်း ၂၀ ခန့် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ရီယိုအဲဗ်၊ လိုင်ရီယာစသည့်အသင်းများ ပါဝင်ခဲ့ကာ သားဖြစ်သူ မော်ရင်ဟိုကို လိုင်ရီယာကလပ်သို့ ပို့ခဲ့ပြီး ဘောလုံးသမားကောင်းတစ်ဦးဖြစ်လာစေရန် မျှော်မှန်းခဲ့သူ ဖြစ်သည်။

သို့သော် မော်ရင်ဟိုမှာ ကစားသမားတစ်ဦးအဖြစ် အောင်မြင်ခြင်းမရှိခဲ့ပဲ နည်းပြ၏စကားပြန်၊ လက်ထောက်နည်းပြစသော အလုပ်များမှ တစ်ဆင့် ယနေ့ အောင်မြင်သော နည်းပြတစ်ဦးဘဝသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။

 

U Myo Thant




<< Back Gossips


Advertisement
Here