Europe News

မပြီးသေးသော ကာတာအရေး

Jun 27 , 2017

၂၀၁၈နှင့် ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်ရွေးချယ်ပွဲများတွင် ဖီဖာအနေနှင့် သမာသမတ်ကျကျ ဆောင်ရွက်ခဲ့သည်ဟု ဖီဖာ ဥက္ကဋ္ဌဟောင်း ဘလတ္တာက အကြိမ်ကြိမ်ပြောဆိုခဲ့သော်လည်း ယခုအခါ ဂျာမနီသတင်းစာတစ်စောင်က ဖီဖာတာဝန်ရှိ သူတစ်ဦး၏ သမီးထံသို့ ကာတာရွေးချယ်ခွင့်ရရေးအဖွဲ့က ငွေကြေးပေးခဲ့ရကြောင်း ထုတ်ဖော်ရေးသားလိုက်သည်။

၂၀၁၈ အတွက် ရုရှက အိမ်ရှင်အဖြစ်လည်းကောင်း၊ ၂၀၂၂အတွက် ကာတာက အိမ်ရှင်အဖြစ်လည်းကောင်း အရွေးချယ်ခံရရာတွင် ကာတာကိစ္စကို အပြင်းအထန်ဝေဖန်ခဲ့ကြပြီး မသမာမှုရှိနိုင်သည်ဟု အချို့က စွပ်စွဲခဲ့ကြသည်။

ယခု ဂျာမနီသတင်းစာ ဘီလ်ဘီဂန်းက ကာတာ၏ ၂၀၂၂ အိမ်ရှင်ဖြစ်ရေး ကြိုးပမ်းမှုအဖွဲ့သည် ဖီဖာတာဝန်ရှိသူတစ်ဦး၏ ၁၀ နှစ်အရွယ် သမီးထံသို့ ပေါင် ၁.၆ သန်း ပေးအပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

အိမ်ရှင်ရွေးပွဲအတွက် စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို ဖီဖာတာဝန်ရှိသူတစ်ဦးဖြစ်ခဲ့သော မိုက်ကယ် ဂါစီယာက ပြုစုရေးသား ခဲ့သော်လည်း စာမျက်နှာ ၄၃၀ ရှိ ထိုအစီရင်ခံစာ အပြည့်အစုံကို ဖီဖာက ထုတ်ဖော်ဖွင့်ဟခဲ့ခြင်း မရှိခဲ့ပေ။

ယခု ဂျာမနီသတင်းစာ၏ ဖော်ပြမှုကြောင့် ယခင်က ဖီဖာ တာဝန်ရှိသူ အချို့အတွက် မျက်နှာပူစရာဖြစ်ခဲ့ပြီး မည်မျှသော အဆင့်မျိုးအထိ ရှာဖွေစုံစမ်းဖော်ထုတ်နိုင်မည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here