Gossips

လက်စတာကို မေ့လိုက်ချင်သူ

Jun 27 , 2017

ပြင်သစ်ကလပ် နန့်စ်အသင်းကို တာဝန်ယူနေပြီဖြစ်သည့် ရေနီယာရီက သူသည် လက်စတာနှင့် ပတ်သက်သမျှကို မေ့ထားလို ပြီဟု ပြောဆိုလိုက်သည်။

ချဲလ်ဆီးနည်းပြဟောင်းလည်းဖြစ်ခဲ့သူ ရေနီယာရီမှာ သာမန်အသင်းတစ်သင်းဖြစ်သော လက်စတာကို ၂၀၁၅-၁၆ ရာသီ ပရီးမီးယားချန်ပီယံဖြစ်ရေးအတွက် ဦးဆောင်ပေးနိုင်ခဲ့သူဖြစ်သော်လည်း ၂၀၁၆-၁၇ ရာသီတွင်မူ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်သည်။

အီတလီသား ရေနီယာရီမှာ ၂၀၁၆-၁၇ ဘောလုံးရာသီကုန်ဆုံးရန် ၃လခန့်အလိုတွင် လက်စတာမှ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး ယခုအခါ ပြင်သစ်လိဂ်ဝမ်းကလပ်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အသက် ၆၅ နှစ်ရှိပြီဖြစ်သော ရေနီယာရီမှာ တစ်ချန်က ပြင်သစ်ကလပ် မိုနာကို ကို လိဂ်ဝမ်းသို့ တန်းတက်ခွင့်ရရန် ဦးဆောင်မှုပေးခဲ့သူဖြစ်ပြီး ပြင်သစ်ချန်ပီယံ ၈ ကြိမ်ရဘူးသော နန့်စ်ကို အောင်မြင်ရန်ဆွဲခေါ်နိုင်မည်လားဆိုသည်ကို စောင့် ကြည့်ရဦးမည် ဖြစ်သည်။

နန့်စ်မှာ လွန်ခဲ့သော ၂၀၁၆-၁၇ ရာသီတွင် အဆင့်  ၇ ရရှိခဲ့သည့် အသင်းဖြစ်သည်။

 

U Myo Thant




<< Back Gossips


Advertisement
Here