Europe News

ဆီမီးရောက်လာသော ကွန်ဖက်ဒရေးရှင်း

Jun 28 , 2017

ရုရှနိုင်ငံတွင် ကျင်းပနေသော ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဆီမီးဖိုင်နယ်သို့ တက်ရောက်လာသောအသင်းများမှာ ပေါ်တူဂီ၊ ချီလီ၊ ဂျာမနီနှင့် မက္ကဆီကို တို့ ဖြစ်ကြသည်။

ပေါ်တူဂီအသင်းမှာ အုပ်စု(A)တွင် ဗိုလ်စွဲခဲ့သောအသင်းဖြစ်ပြီး ၎င်းတို့နှင့် ဆုံတွေ့ရမည့် ချီလီအသင်းမှာ အုပ်စု(B) ဒုတိယရ အသင်းဖြစ်ကာ အုပ်စု (B) ပထမ ဂျာမနီက အုပ်စု (A) ဒုတိယ မက္ကဆီကိုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ပေါ်တူဂီနှင့် ဂျာမနီတို့မှာ အုပ်စုပွဲ ၃ပွဲတွင် ၇ဂိုးစီ သွင်းယူနိုင်ခဲ့ပြီး မက္ကဆီကိုက ၆ဂိုးနှင့် ချီလီက ၄ဂိုး သွင်းယူနိုင်ခဲ့ကြသည်။

လက်ရှိအချိန်တွင် ဂိုးအများဆုံးသွင်းယူထားသူ ၃ဦးရှိနေပြီး ပေါ်တူဂီမှ စီရိုနယ်ဒို၊ ဂျာမနီမှ စတင့်ဒ်နှင့် ဝါနာတို့ဖြစ်ကာ ၂ဂိုးစီ သွင်း ယူထားသူများ ဖြစ်ကြသည်။

ဆီမီးပွဲစဉ်များကို ယနေ့ညနှင့် မနက်ဖြန်ညတို့တွင် ကစားမည်ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲမှာ တနင်္ဂနွေညတွင် ဖြစ်သည်။

 

U Myo Thant




<< Back Europe News


Advertisement
Here