Europe News

ရှုံးပွဲတွေ့သော ပေါ်တူဂီ

Jun 29 , 2017

ကွန်ဖက်ဒရေးရှင်းဖလား ဆီမီးဖိုင်နယ်အဖြစ် ချီလီနှင့် ကစားရာတွင် ပေါ်တူဂီမှာ ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံးပွဲတွေ့ကာ ဗိုလ် စွဲနိုင်ရေး အလှမ်းဝေးသွားပြီ ဖြစ်သည်။

ရှရုနိုင်ငံ ကာဇန်အေရီနာတွင် ကျင်းပသော ထိုပွဲစဉ်သို့ ပရိသတ် ၄သောင်းကျော် လာရောက်ကြည့်ရှုခဲ့ကြပြီး သာမန်ပွဲကစားချိန် မိနစ် ၉၀ အပြင် အချိန်ပို မိနစ် ၃၀ တွင်ပါ ဂိုးမရှိသရေကျနေသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ရယူခဲ့ကြသည်။

ပင်နယ်တီကန်ရာတွင် ချီလီဂိုးသမား ဘရာဗိုမှာ ပေါ်တူဂီမှ ကွာရက်စ်မာ၊ မော်တင်ဟို၊ နာနီတို့ သွင်းသော ကန်ချက်များကို ကာကွယ်သွားနိုင်ခဲ့ပြီး ချီလီဘက်မှ ပထမဆုံး ပင်နယ်တီ ၃လုံးမှာ ဂိုးသွင်းသွားခဲ့သောကြောင့် နောက်ထပ် ကန်စရာ မလိုတော့ပဲ ချီလီက ၃-၀ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲ တက်သွားပြီ ဖြစ်သည်။

ယနေ့ညတွင် ဒုတိယ ဆီမီးဖိုင်နယ်ပွဲအဖြစ် ဂျာမနီနှင့် မက္ကဆီကိုတို့ ကစားကြမည်ဖြစ်ပြီး ပေါ်တူဂီမှာ တနင်္ဂနွေနေ့တွင် တတိယလုပွဲ ကစားရမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here