Gossips

ကလေး ၂ယောက်နှင့် စီရိုနယ်ဒို

Jun 29 , 2017

ကွန်ဖက်ဒရေးရှင်းဖလား ဆီမီးဖိုင်နယ်တွင် ချီလီကို ရှုံးခဲ့ရသဖြင့် ပေါ်တူဂီတိုက်စစ်မှုး စီရိုနယ်ဒိုမှာ များစွာစိတ်ပျက်သွားခဲ့ရပြီး ဒုတိယမြောက် ကလေးမွေးဖွားမည်ဖြစ်သဖြင့် တတိယနေရာလုပွဲကို လွဲချော်မည် ဖြစ်သည်။

အချိန်ပိုပြီးသည်အထိ ဂိုးမရှိသရေကျနေသော ထိုပွဲတွင် ပင်နယ်တီအဆုံးအဖြတ်ရယူရာ၌ ပေါ်တူဂီ၏ ပထမ ပင်နယ်တီ ၃လုံး စလုံးမှာ ဂိုးမရခဲ့ပဲ ရှုံးပွဲနှင့် ထိုက်တန်သော ရလဒ်မျိုး ဖြစ်ခဲ့ရသည်။

စီရိုနယ်ဒိုမှာ ထိုပွဲတွင် ပင်နယ်တီပင် ကန်ခွင့်မရခဲ့ပဲ ဒုတိယမွေးဖွားမည့်အရေးကြောင့် ခရီးထွက်သွားရပြီ ဖြစ်သည်။

စီရိုနယ်ဒိုက သူ၏ သားဦးလေးကို ပရိသတ်ရှေ့ချပြခဲ့ပြီး ကလေး မိခင်ကိုမူ ဖွင့်ပြောခြင်းမရှိခဲ့ပေ၊ သို့သော် ယခု ဒုတိယ ကလေးမွေး မည့် ကိစ္စနှင့် ဆက်စပ်၍ မိမိ၏ ကလေး ၂ဦးလုံးမှာ အငှားကိုယ်ဝန်ဆောင်များက မွေးဖွားပေးခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယခု ဒုတိယကလေးမှာလည်း သားပင်ဖြစ်သည့်အတွက် မိမိများစွာ ပျော်ရွှင်ရပါကြောင်း ပြောဆိုသွားခဲ့ပြီး ပထမသားလေးမှာ ယခုလအစောပိုင်းက အသက် ၇ နှစ်ပြည့်သွားခဲ့ပြီ ဖြစ်သည်။

U Myo Thant




<< Back Gossips


Advertisement
Here