Serie-A News

ဆန်ဒရိုကိုလိုချင်တဲ့ ၂သင်း

Jun 29 , 2017

ဂျူဗင်တပ် နောက်ခံလူ ဆန်ဒရိုကို ပရီးမီးယားချဲလ်ဆီးအသင်းနှင့် ပြင်သစ်မှ PSG တို့က အပြိုင်အဆိုင် ကမ်းလှမ်းလျက် ရှိနေကြ သည်။

ချဲလ်ဆီးနည်းပြ ကွန်တီ၏ ယခုအပြောင်းအရွှေ့ရာသီ ပထမဦးစားပေးပစ်မှတ်မှာ ဆန်ဒရိုဖြစ်ပြီး ခေါ်ယူနိုင်ရေးအတွက် အသည်း အသန်ကြိုးစားမည်ဟုဆိုသော်လည်း သဘောတူညီမှု မရရှိသေးပေ။

ထို့သို့သော အချိန်တွင် ပြင်သစ်ကလပ် PSG ကလည်း ဆန်ဒရိုကို ပေါင် ၆၁ သန်းပေးမည်ဟုဆိုကာ ဈေးကွက်အတွင်း ဝင်လာခဲ့ သည်။

အကယ်၍ ပြောင်းရွှေ့ကြေး ပေါင် ၆၁ သန်းဖြင့် သဘောတူခဲ့ပါက ယင်းနှုန်းထားမှာ နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန် တင်ဈေးအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

ချဲလ်ဆီးအသင်းမှာ လောလောဆယ် ဆန်ဒရိုကို ပေါင် ၁၅ သန်းအထိ တိုးပေးထားပြီဖြစ်ပြီး ၂၀၁၁က တောရက်စ်ကို ပေါင်သန်း ၅၀ ပေးခဲ့ပြီးနောက် ယခုပမာဏာမှာ အများဆုံးစံချိန် ဖြစ်သည်။

ဆန်ဒရိုမှာ လွန်ခဲ့သော ၂ နှစ်က ပေါ်တိုမှ ဂျူဗင်တပ်သို့ ပြောင်းရွှေ့လာသူဖြစ်ပြီး သူ၏ လက်ရှိုလုပ်ခမှာ တစ်ပတ်ပေါင် ၉ သောင်း ဖြစ်သည်။

ဂျူဗင်တပ်ကမူ ဆန်ဒရိုအတွက် တစ်ပတ်ပေါင် ၁သိန်း ၂သောင်းခန့်အထိ လစာပေးရလိမ့်မည်ဟု မျှော်လင့်လျက် ရှိသည်။

U Myo Thant




<< Back Serie-A News


Advertisement
Here