EPL News

အာဆင်နယ်ကမ်းလှမ်းမှု ပယ်ချခံရ

Jun 29 , 2017

မိုနာကိုအသင်းမှ ပြင်သစ်လက်ရွေးစင် လီမာကို အာဆင်နယ်အသင်းက ကမ်းလှမ်းရာ၌ ပယ်ချခံရကြောင်း သိရသည်။

တောင်ပံကစားသမားဖြစ်သူ လီမာကို အာဆင်နယ်က ယူရို ၃၅ သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ပယ်ချခံရပြီးနောက်တွင် အာဆင်နယ်က ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းဦးမည်ဟု ဆိုသည်။

သို့သော် မိုနာကိုအသင်းမှာ ၎င်းတို့၏ ကစားသမားတစ်ဦးဖြစ်သော ဆေးလ်ဗားကို မန်စီးတီးသို့ ထုတ်ရောင်းခဲ့ပြီဖြစ်သဖြင့် ယခုနွေတွင် နောက်ထပ်အရေးပါသော ကစားသမားမျိုးကို ထပ်မံရောင်းထုတ်ရန် သင့် မသင့် စဉ်းစားချင့်ချိန်ဦးမည် ဖြစ်သည်။

မိုနာကိုအသင်းမှ ကစားသမားအတော်များများကို ဥရောပထိပ်တန်းကလပ်များက စိတ်ဝင်စားနေကြသဖြင့် မိုနာကိုအသင်း တာဝန်ရှိသူများမှာ အသင်းလူစာရင်းစုဖွဲ့မှု ပုံမပျက်သွားစေရေးအတွက်ကိုလည်း ကြိုးစားလုပ်ဆောင်နေရဆဲ ဖြစ်သည်။

တောင်ပံကစားသမား လီမာမှာ ၂၀၁၆-၁၇ ရာသီတွင် ၁၄ ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးရရှိရေး ၁၁ ကြိမ်ပေးပို့ ဖန်တီးနိုင်ခဲ့သူ ဖြစ် သည်။

မိုနာကိုအနေနှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့သကဲ့သို့ PSG ကို ကျော်လွှားကာ ပြင်သစ်အမှတ်ပေး ချန်ပီယံဆုကို လည်း ရခဲ့သည့် အသင်းဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here