Europe News

ဖိုင်နယ်တက်သော ဂျာမနီ

Jun 30 , 2017

ရုရှတွင် ကျင်းပနေသော ကွန်ဖက်ဒရေးရှင်းဖလား ဒုတိယဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဂျာမနီအသင်းမှာ မက္ကဆီကို ၄-၁ဖြင့် အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။

ဂျာမနီအသင်းမှာ ယခုပွဲစဉ်တွင် ပွဲစစချင်းမှာပင် ဖိကစားနိုင်ခဲ့ပြီး ဂိုရက်ဇ်ကာက ၆ မိနစ်နှင့် ၈ မိနစ်တို့တွင် ဦးဆောင်ဂိုးများ သွင်းယူပေးခဲ့သည်။

ဒုတိယပိုင်း ၅၉ မိနစ်တွင် ဝါနာကဂျာမနီအတွက် တတိယဂိုးသွင်းယူခဲ့ပြီး ၈၉ မိနစ်တွင် ဖေဘီယန်က မက္ကဆီကိုအတွက် ချေပဂိုး ၁ဂိုးသွင်းယူခဲ့သော်လည်း နာကျင်အချိန်ပို ၁ မိနစ်တွင် ယူနက်စ်က ဂျာမနီအတွက် ၁ဂိုး ထပ်မံသွင်းယူသွားခဲ့သည်။

လာမည့် တနင်္ဂနွေနေ့တွင် မက္ကဆီကိုက ပေါ်တူဂီနှင့် တတိယလုပွဲ ကစားရမည်ဖြစ်ပြီး စိန့်ပီတာစဘတ်တွင် ယှဉ်ပြိုင်မည့်  နောက်ဆုံး ဗိုလ်လုပွဲတွင် ဂျာမနီက ချီလီနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here