Europe News

မီးသတိပေးတဲ့ အင်္ဂလန်

Jun 30 , 2017

လန်ဒနဂရင်းဖဲလ်တာဝါ မီးလောင်ကျွမ်းဖြစ်ပွာခဲ့ပြီးသည့်နောက် အင်္ဂလန်ဘောလုံးလိဂ် ၄ခုတွင် အသင်းပေါင်း ၉၂ သင်းအနေနှင့် မိမိတို့ သက်ဆိုင်ရာကွင်းများတွင် မီးဘေးအန္တရယ်လုံခြုံစိတ်ချရစေရေးအတွက် စီမံဆောင်ရွက်ပေးရန် ကင်းစကော့၊ SGSA အာဏာပိုင်များက အသင်းတိုင်းသို့ သတိပေးစားများ ဖြန့်ဝေခဲ့သည်။

ထို့အပြင် ယင်းကွင်းများနှင့် အတူ လန်ဒန်ဝင်ဘလေကွင်းကာဒစ်မြူနီစပါယ်ကွင်းများတွင်လည်း သက်ဆိုင်ရာတို့မှ လိုအပ်သလို စီစဉ်ဆောင်ရွက်ရန် ပါရှိခဲ့သည်။

ဂရင်းဖဲလ်တာဝါ မီးလောင်မှုတွင် လူပေါင်း ၈၀ အသက်ဆုံးရှုံးခဲ့ရပြီး သေဆုံးသူ စာရင်းအတိအကျကို ယခုနှစ်ကုန်ပိုင်းမှသာ သိရှိနိုင်မည် ဖြစ်သည်။

အင်္ဂလန်ရှိ နေရာ ၃၂ နေရာမှ အဆေက်အဦးပေါင်း ၉၅ ခုတွင် မီးဘေးဆိုင်ရာ စမ်းသပ်ပြုလုပ်မှုများ ဆက်လက် လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလန် ပရီးမီးယားပွဲစဉ်မားမှာ ပရိသတ် ၃ - ၄ သောင်းမှစ၍ ၆သောင်း၊ ၇သောင်းအထိ လာရောက် အားပေးတတ်ကြပြီး အကယ်၍ ကွင်းအတွင်း မီးလောင်ကျွမ်းခဲ့ပါက လူပေါင်းများစွာ သေကြေသွားရလိမ့်မည် ဖြစ်သည်။

U Myo Thant




<< Back Europe News


Advertisement
Here